28 C
Yangon

ဒီးမော့ဆို၊ ထားဝယ်နှင့် စစ်ကိုင်းတို့တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ကရင်နီ ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ စစ် ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တို့တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက် ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးကြောင်း ဒေသခံ ကာ ကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်က ကြည်းတပ်၊ လေတပ်တို့ဖြင့် ထိုးစစ်ဆင်နေ

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ် ကြောင်း ၃ ကြောင်းဖြင့် မြေပြင်တွင် ထိုးစစ်ဆင်ပြီး လေကြောင်းတွင်မူ တိုက် လေယာဥ် ၂ စီးဖြင့် ၁၁ ကြိမ် ဗုံးကျဲတိုက်ခိုက်နေကြောင်း DMO-Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါးကျေးရွာ အပါအဝင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ စစ်ကြောင်းထိုး လာသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ တစ်နေကုန် နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီး‌မော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းချ တပ်စွဲ ထား သော သေးဆူလဲ စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က သေးဆူလဲစခန်း၊ ကုန်းသာကျေးရွာရှိ တပ်စွဲထားသော တပ်စခန်းတို့ကို စွန့်ခွာ ထွက်ပြေးသွားခဲ့ ကြောင်း ၊ ထိုစစ်စခန်းပြန်လည် ရရှိနိုင်ရေး အတွက် စစ်တပ်က အင်အား အလုံး အရင်းဖြင့် ယနေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက် သေဆုံး မှု ရှိသော်လည်း အရေအတွက် အတည်မပြု နိုင်သေးကြောင်း၊ အဆိုပါ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် ငွေတောင် ခြေစိုက် ခလရ (၁၀၂) တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းမှ လက်နက်ကြီး များဖြင့် တစ်နေ ကုန် ပစ်ကူပေးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင့် တိုက်လေယာဥ် ၂ စီးဖြင့် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် ၈ ကြိမ် ခန့် ၊ ညနေ ၅ နာရီခန့်တွင် ၃ ကြိမ်ခန့် စုစုပေါင်း ၁၁ ကြိမ်ခန့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDFနှင့် အခြားတော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ ခုခံ တိုက် ခိုက်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့ဝင် ရဲဘော်(၂)ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိထားကြောင်း သိရှိရ သည်။

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ သင်္ကန်းတုံးရွာအနီးတွင် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၅ တွင် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းဖွဲ့တို့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ဖက်မှ ဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်း ၁၀၀ ကျော်ပါ ခြေလျင် စစ် ကြောင်းကို DGRFပူးပေါင်းတပ်ဖွဲ့/ ဥသြစစ်ကြောင်းတို့က ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များစွာ သေဆုံးနိုင်ကြောင်း တော်လှန် ရေး ရဲဘော်များထံမှ သိရှိရသည်။

“နေရာနှစ်ခုခွဲ၍ ကျနော်တို့ရဲဘော်တွေတိုက်ခိုက်ခဲ့တာပါ။လက်နက် ငယ်တွေ နဲ့ခဏလောက်ထိုးပစ်ပြီး ဘေးကင်းစွာအားလုံးပြန်ဆုတ်ခွာလာခဲ့ပါတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတွင် စစ်ကြောင်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးတစ်လျှောက်ကို အကြမ်း ဖက် စစ်ကောင်စီ၏ စစ်ကိုင်းတပ်မ ၃၃ စစ်ကြောင်း ထိုးနေပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၂ ဦးသေကြောင်း နဂါးနီပျောက်ကြားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

“ဒီကနေ မင်းကွန်းတောင်ရိုးတစ်လျှောက်ကို ခွေးစစ်ကြောင်းထိုးလာပါတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရွာသူ ရွားသားတွေက ၁၀ ရွာကျော်တယ်ဗျ။ သူတို့လာတာနဲ့ အကုန် ပြေး နေပါတယ်။ ပထမအရင် စစ်ကြောင်းကတည်းက ပြေးတာ အခုအချိန်ကို ပြန် မလာရသေးဘူး။ တချို့ပြန်ဝင်တဲ့ လူတွေလည်း သူတို့ စစ်ကြောင်းထိုးရင် ပြန်ပြီး ပြေးနေရပါတယ်။ ကျွန်တော်တို့ ခွေးတွေ တစ်ကောင်သေသေ နှစ်ကောင် သေသေ Battle သွားဆိုင်တာ ခွေးတွေဘက်က နှစ်ကောင် သေပါ တယ်ဗျ” ဟု နဂါးနီပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်က စစ်ကြောင်းထိုးသည့် တစ်လျှောက် လက် နက်ကြီး လက်နက် ငယ် များနှင့် ပစ်ခတ်သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ချောင်းမကြီးကျေးရွာ၊ အုန်း သဇင် ကျေးရွာ၊ မြေတိုင်းကျေးရွာ၊ ထိပ်ဆူကုန်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ကသဲတာ ကျေးရွာ၊ မသီလီကျောင်းကျေးရွာမှ ပြည်သူများ၊ မန္တလေးတိုင်း မတ္တ ရာ မြို့နယ်ရှိ ရောက်မဆုပ်ကျေးရွာ၊ ရွှေခဲပြန်ကျေးရွာ၊ အိုင့်ဒိုင့်ကျေးရွာမှ ပြည် သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article