28 C
Yangon

ကောလင်းတွင် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၁၀ ခု အပါအဝင် ကျောက်စိမ်းများ သယ်ဆောင်လာသော ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၁၀ ခု အပါအဝင် ကျောက်စိမ်းများ သယ်ဆောင်လာသော ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-ပအဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကောလင်းမြို့နယ် ဗျူဟာလမ်းပိုင်း တစ်နေရာ၌ မန္တလေးမှ ပြန်လာသည့် Pajero ကားအမျိုးအစား ယာဉ်နံပါတ် 1D/7215 ကို ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)မှ စစ်ဆေးခဲ့ရာ ဘိန်းဖြူဟု ယူဆရသည့် ဆပ်ပြာခွက် ၁၁၀ ခုအပါအဝင် ကျောက်စိမ်းများ တင်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် ဘိန်းဖြူများ အပါအဝင် ကျောက်စိမ်းဟု ယူဆရသည့် ကျောက် ၂၃ လုံး၊ သွေးပြီးသား ကျောက်ချော ၉ လုံး၊ မိုဘိုလ်ဖုန်း နှစ်လုံး၊ Tablet တစ်လုံး၊ Laptop တစ်လုံး၊ ကီးဘုတ် နှစ်ခု၊ ဂရမ်ချိန်စက် တစ်လုံး၊ ကျောက်ကြည့်ဓာတ်မီး တစ်လုံး၊ ဓား တစ်လက်၊ တော်ပါပြောင်း တစ်ခု၊ ငွေသား ၁,၆၈၂,၀၅၀ ၊ ပိုက်ဆံအိတ် သုံးလုံး၊ အမေရိကန်ဒေါ်လာ ၁၀ ၊ ATM ကတ် တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းမြို့နယ် ပအဖ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဘိန်းဖြူတွေကို အများရှေ့မှာပဲ မီးရှို့ဖျက်ဆီးမှာပါ။ တရားခံတွေကိုကတော့ တရားသူကြီးကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ တခြားပစ္စည်းတွေကိုတော့ သက်ဆိုင်ရာမူဘောင်အရပဲ လုပ်ဆောင်သွားမှာပါဗျ” ဟု ကောလင်းမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article