27 C
Yangon

မြောက်ဒဂုံ YGN (KTV & Bar) နှင့် Asahi 3 (Beer Pub & BBQ) တွင် ဗုံး ပေါက်ကွဲမှုဖြစ်၊ လှိုင်သာယာ စျေးရောင်းပွဲတော်တွင် ဗုံးကွဲမှုဖြစ်ပြီး လူတချို့ အနည်းငယ်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ် ရှိ YGN (KTV & Bar)ကို ယနေ့ည ၇ နာရီ ၅၅ မိနစ်အချိန်၌ Human Rights Defender (HRD) နှင့် သွေးသစ္စာအဖွဲတို့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ထို့ပြင် မြောက်ဒဂုံမြိုနယ် ပင်လုံလမ်းမကြီးပေါ် ရှိ Asahi 3 (Beer Pub & BBQ) ကိုလည်း ယနေ့ည ၈ နာရီ ၂၉ မိနစ်အချိန်၌ ဖောက်ခွဲ တိုက်ခိုက် ခဲ့ ကြောင်း၊ အလားတူ Privacy(KTV & Restaurant) အား ဖောက်ခွဲခဲ့သော် လည်း စစ်တပ်က နည်းပညာဖြင့် အကာအကွယ်ပေးထားသောကြောင့် ဖောက်ခွဲမှု မအောင်မြင်ခဲ့ကြောင်း၊ အဆိုပါ KTV နှင့် BAR များသည် စစ်တပ်၏ စီးပွားရေးဒေါက်တိုင်အဖြစ် ရပ်တည်နေကြောင်း ထိုအဖွဲ့များထံမှ သိရှိရသည်။

ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်း နေချိန် ၎င်း၏ စီးပွားရေးထောက်တိုင်များကို တိုက်ခိုက်ခြင်းမှာလည်း အဓိကကျသောကြောင့် ပြည်သူများအနေဖြင့် ပစ်မှတ်များနှင့် ဝေးဝေး နေကြပါရန် ပျောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။

“ဒီနေ့ မြောက်ဒဂုံ ဘက်မှာပေါက်ကွဲသံတော်တော်ကျယ်ကျယ်ကြီး ၂ ကြိမ် ကြားရတယ် ။ ပင်လုံလမ်း ကျောင်းလမ်းမှတ်တိုင်မှာ ပေါက်တာက အရမ်း ကျယ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် မင်းရဲကျော်စွာလမ်းအဆုံး ဘောလုံး ကွင်းတွင် ညစျေးပွဲတော် ကျင်းပနေချိန် ယနေ့ည ၇ နာရီ ဗုံး ပေါက်ကွဲခဲ့ကြောင်း၊ လူတချို့ အနည်းငယ်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဒီနေ့ည ၇ နာရီဝန်းကျင်က လှိုင်သာယာ ၂၀ ရပ်ကွက် မင်းကျော်ရဲစွာ လမ်း အဆုံးက ဘေားလုံးကွင်းမှာ ညဈေးပွဲတော်အတွင်း ဗုံးပေါက်မှုဖြစ်ပါတယ်။ ဗုံးမပေါက်ခင်ဗုံးရှိတယ်ဆိုပြီးပြောကြလို့ ပြေးတဲ့ပြေးပြီးမှ လူရှင်းတဲ့အချိန် ကျမှ ပေါက်တာ။ ထိခိုက်မှုတချို့ရှိပါတယ်။ စိုးရိမ်စရာတော့မဟုတ်ပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article