31 C
Yangon

ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိများ အပါအဝင် ၃၀ ဦးခန့် သေဆုံးသည် ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၃၀ ဦးခန့်သေဆုံးကြောင်း Myingyan Black Tiger (MBT)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးက ၃၀ ကိုမကပါဘူး။ ၃၀ ကျော်သေတာပေါ့။ ကျွန်တော်တို့ သတင်းရင်းမြစ်တွေက လှမ်းပြောချက်အရ စစ်ခွေးတွေ အလောင်း ၁၅ လောင်း လောက်က အခုချိန်ထိ အလောင်းတောင် မကောက်ရသေးဘူးလို့ပြောတယ်။ လမ်းဘေးတွေမှာပဲ ရှိသေးတယ်တဲ့ စစ်ဗိုလ်တွေလည်း ကျတယ်လို့ပြောတယ်။ သူတို့ စစ်ခွေး အရေးကြီးတဲ့ ကောင်တွေကို သုံးဘီး ၂ စီးနဲ့ အလောင်းတွေ ကောက်သွားပြီပြောတယ်။ သေတဲ့ အထဲမှာ အရာရှိအဆင့်ကတော့ ဘယ်အဆင့်ထိ ပါတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ သိရတာတော့ ဗိုလ်တွေပါတယ်လို့တော့ သိထားရတယ်​” ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရေစကြို ရဲစခန်းကို Myingyan Black Tiger (MBT)မှ ဦးဆောင်ပြီး ညီနောင် မဟာမိတ်များဖြစ်သော Blck Wons၊ရေကင်း တပ်ဖွဲ့၊ VOMDY-Front Warrior၊ MGN-35၊BURMESE GUERRILLA FORCE – BGF အဖွဲ့တို့မှ ပူးပေါင်းပါဝင် အားဖြည့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article