32 C
Yangon

စစ်တပ်က ဖမ်းဆီးထားသော ခရစ်ယာန် ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန် ကို ပြန်လွှတ် ပေးရေး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် တောင်း ဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

မန္တလေးတိုင်း၊ တံတားဦး လေဆိပ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် ပိုင်း ဖမ်းဆီး သွားသော KBC အကြံ ပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန် ဆုံး ပြန်လွှတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆရာတော်သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရန်အတွက် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် ရောက်ရှိစဉ် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် အသင်းသူ၊ အသင်းသားများက အားလုံး လွန်စွာစိုးရိမ် လျက်ရှိ ကြောင်း၊ သိက္ခရာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်တပ် ၏ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန် လွှတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တောင်းဆိုထားသည်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်း ခရစ် ယာန်အဖွဲ့ချုပ် KBC ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဠ တာဝန်ကို ထမ်း ဆောင်ခဲ့ပြီး လက်ရှိချိန်တွင် KBC အဖွဲ့ချုပ်၏ အကြံပေး တာဝန် ထမ်း ဆောင် နေ သူ ဖြစ်ကြောင်း သိရှိရသည်။

“အခုတော့ ဆရာတော်ကို မပခထဲမှာ ဖမ်းထားတယ်။ စစ်ဆေးနေတယ်လို့ ကြား ပါတယ်။ တံတားဦးကနေ ပြန်ပြီး လေယာဉ်နဲ့ မြစ်ကြီးနားကို ခေါ်လာ တယ်လို့ လည်း ကြားပါတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article