32 C
Yangon

စစ်ကားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများကို တိုက်သတ်သည့် ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ၁ နှစ်ပြည့်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦး အနည်းငယ် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်ကားဖြင့် စစ်အဏာရှင် ဆန့်ကျင်ရေး ပြည်သူများကို စစ်ကားဖြင့် တိုက်သတ် ဖြိုခွင်းသည့် ၁ နှစ်ပြည့်အဖြစ် ယနေ့ ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီခန့်တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့ က ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်း သား လူငယ်များကို အကြမ်း ဖက် စစ်တပ်က ကားဖြင့်တိုက်ဖမ်းဆီးခဲ့ရာ သေဆုံးသူတချို့ရှိပြီး ၁၂ ဦးခန့် ဖမ်းဆီး ခံခဲ့ရကြောင်း၊ ယနေ့သည် စစ်တပ်၏ အကြမ်းဖက်မှု ၁ နှစ်ပြည့်သည့် နေ့ဖြစ် ပြီး စစ်တပ်က လုံခြုံရေး တင်းကျပ်ခဲ့သည့်ကြားမှ ပန်းပင်ကြီးလမ်းတွင် လုံခြုံရေး စောင့်နေသည့် စစ်သားများကို ဗုံးခွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။

“ဒီနေ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျနော်တို့ပြည်သူ တွေ ရဲ့ သပိတ်ကို စစ်ကားနဲ့ ရက်ရက်စက်စက် တိုက်ပြီးဖြိုခွင်းခံခဲ့ရတဲ့ နေ့ဆိုးတစ်ရပ်ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ် မိစ္ဆာတွေရဲ့ ကြမ်းကြုတ်မှုကို ကွက်ကွက်ကွင်းကွင်းပိုမြင်ခဲ့ရတဲ့အတွက် နှလုံးသွေးဆူပြီး တော်လှန် ရေးအတွက် တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

ယနေ့ဖောက်ခွဲမှုကို ကြည့်မြင်တိုင် အင်အားစု KMD 18 နှင့် UMCD အင်အားစု ၊ Yangon Underground Youth Organization –YUYO တို့က ကြည့်မြင် တိုင်မြို့နယ်၊ မျကည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ပန်း ပင်ကြီးလမ်း မျက်မမြင် ကျောင်းရှေ့၌ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကား ၂ စီး၊ ရဲကားတစ်စီး တို့ဖြင့် လမ်းပိတ်ဆို့စစ်ဆေးခဲ့ကာ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၊ ဒဏ်ရာရရှိသူသည် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဗုံးစ စင်သွားခြင်ဖြစ်သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article