33 C
Yangon

ဆားလင်းကြီးတွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား စစ်သား (၈)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းနှင့် နေ့ပိုင်းတွင် တိုက် ပွဲ(၂)ကြိမ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား(၈)ဦး သေဆုံးပြီး (၅)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း Salingyi Special Task Force – SSTFသိရသည်။

ဆားလင်းကြီးမြို့နယ်၊ တရားကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်ကို ယနေ့ နံနက် ၇ နာရီခန့်က တရားကျေးရွာနှင့် ရှမ်းကိုင်းကျေးရွာကြားတွင် Salingyi Special Task Force – SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ.က.ဖ တပ်ရင်း၂ )တို့မှ အထူးလက်ရွေးစင် တပ် သားများက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာတဲ့ စခတွေကို လယ်ကွက်နှစ်ကွက်အကွာလောက်ကနေ စက်၊ Gun ငယ်တွေနဲ့ AUTO ဆွဲခဲ့တာ၊ ပထမ အကြိမ်တိုက်ပွဲမှာ (၁၅)မိနစ်လောက်ပဲကြာတယ်၊ ဒုတိယ အ ကြိမ် တိုက်ပွဲမှာလည်း အထူးလက်ရွေးစင်တပ်သားတွေကပဲ တိုက်ခိုက်ခဲ့တာပါ၊” ဟု Salingyi Special Task Force – SSTF က ပြောသည်။

အလားတူ ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းရွာမှ နေ့လည် ၃ နာရီခန့်တွင် ထွက်လာသော အကြမ်းဖက် စစ်သားများကို ရွှေဘုံသာရွာ မရောက်မီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလစ်အငိုက်ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေး ရဲဘော် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ရှမ်းကိုင်းကျေးရွာ၊ အုန်းတောကျေးရွာများမှ ပြည်သူ့အိုးအိမ်များ၊
ရိတ်သိမ်းထားသော ပြည်သူ့ကောက်ပဲသီးနှံများ၊ ထွန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo – Salingyi Special Task Force – SSTF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article