ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများကို အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင် မည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပြီး အလှည့်ကျ မီးရမည့် အချိန် ဇယားများ ထုတ်ပြန်လိုက်သော်လည်း ကြေညာထားသည့်အတိုင်း မီးမရ ကြောင်း မြို့ခံများက ပြောဆိုကြသည်။
ရန်ကုန်မြို့တော်တွင် ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မီးများ ပြတ်တောက်မည်ဖြစ်ပြီး ညနေ ၅ နာရီမှစ၍ နောက်တစ်နေ့ နံနက် ၉ နာရီအထိကိုလည်း မြို့နယ်များကို အလှည့်ကျမီးပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာအားပေးရေးအဖွဲ့ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်သော်လည်း ရန်ကုန်မြို့နယ်အများစုတွင် ညပိုင်း လျှပ်စစ်မီး များ ပြတ်တောက်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ဆိုကြသည်။
“သူတို့ ဇယားတွေ ထုတ်ပြန်တာလည်းတွေ့ပါတယ်။ ကျနော်တို့ တာမွေ က တော့ မီးအမြဲပြတ်တဲ့ မြို့နယ်ပါပဲ။ လာရမယ့် အချိန်လည်း မလာပါဘူး။ ပြတ်ရ မယ့် အချိန်လည်း မလာပါဘူး။ အတော်ကို ဒုက္ခရောက်ပါတယ်။ အကြောင်း အမျိုး မျိုးပြပြီး မီးတော့ ပုံမှန်ဖြတ်ပါတယ်” ဟု တာမွေဒေသခံတစ်ဦက ပြော ဆိုသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ယခု မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ် အား စနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင် ထိန်း သိမ်း လျက်ရှိခြင်း၊ လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနိုင် ရန် အတွက် ရေလှောင်တမံများရှိ သိုလှောင် ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်ဘဲ မြန်မာ နိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အား လျှော့ချ ဓာတ်အားဖြန့်ဖြူးပေးနေရသည်ဟု သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လက်ရှိ ဒီဇင်ဘာလအတွက် မီးအလှည့် ကျပေး မည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မီးပေးမည့် အခြေ အနေ ကို မသိရှိဘဲ နွေရာသီကာလတွင်လည်း ယခုကဲ့သို့ပင် မီးအလှည့်ကျ စနစ်ဖြင့်သာ ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီဇင်ဘာလအတွက် အုပ်စု A ၊ အုပ်စု B မီးခွဲပေးမယ်။ နောက်ဇန်နဝါရီ လမှာ လည်း ဘယ်လိုမီးပေးမယ်ဆိုတာ ပြောပေးမယ်။ မီးပျက်ရင် ဖုန်းဆက် မေးလို့ ရပါတယ်။ အလှည့်ကျစနစ်နဲ့ပဲ ရှေ့ဆက်သွားဖို့ရှိပါတယ်” ဟု ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။
ရန်ကုန်မြို့ခံတချို့မူ မီးပြတ်တောက်မှုကြောင့် ရာသီဥတုပူပြင်းချိန် ဒုက္ ခရောက်ရသော်လည်း အဆင်မပြေမှုများအကြားတွင် နေသားကျနေပြီဟု ဆိုသည်။
“အခုတော့ ညပိုင်းလေးတွေ မီးနည်းနည်းပြန်ရတယ်။ ဒါပေမယ့်လည်း အခုမှ ၁ ရက်၊ ၂ ရက်ပဲရှိသေးတယ် ပြန်ရတာ။ ရှေ့မှာ နေ့ရော ညရော အတိုင်းအဆ မရှိ မီးပြတ်တာ။ မီးပြတ်တိုင်း ဟိုကောင်ကို ဆဲတာပဲ။ ဒါပေမယ့်လည်း ဆဲရုံပဲ တတ်နိုင်တာပဲ။ ညဘက် မီးပြတ်ရင် လမ်းထိပ်လေး ထွက်ထိုင်။ ညဘက် ကာဖျူးချိန်နီးရင်တော့ အိမ်ထဲက မထွက်တော့ဘူး။ နေသားတော့ ကျလာ တယ်။ မကျေနပ်ပေမယ့်လည်း နေရတာပဲ” ဟု မရမ်းကုန်းဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးနိုင်သော်လည်း လျှပ်စစ် ကား၊ လျှပ်စစ်ရထားစီမံကိန်းများဖြင့် လောင်စာဆီတင်သွင်းမှု လျှော့ချရေး စီမံ ချက်များ ရေးဆွဲ အကောင်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
ဓာတ်ပုံ- ဒီဇင်ဘာလဆန်းပိုင်းအတွင်း မီးပြတ်နေသည့် မြို့တော်ရန်ကုန်။
Photo- CJ