32 C
Yangon

ကလေးနှင့် မြောင်တွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းကုန်းကျေးရွာကို မီးရှို့ရန် လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Kalay PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက် နေ့လည် ၁၂ နာရီခန့်က ကလေးမြို့၊ မြို့ပတ်လမ်းအတိုင်း အနောက်ဘက်သို့ ခြေလျင်ဦးတည်ထွက်လာသော အင်အား ၁၀၀ ဝန်း ကျင်ပါ အကြမ်းဖက်စစ်သားများသည် မြို့လှရပ်ကွက် အရောက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်း တိုင်းကျေးရွာရှိ ပြည်သူ့နေအိမ် တစ်လုံးအားမီးရှို့ပြီးနောက် နောက်ထပ်နေအိမ်တစ်လုံးကို မီးရှို့ရန် ပြင် ဆင်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အနီးပတ်ဝန်းကျင်အား ၁၀ မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ကာ သေဆုံးထိခိုက် ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လူနာတင်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ကလေး PDF တပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း (၄)လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲချိန်၌ ဖြတ်သန်းသွားလာသည့် ပြည်သူ (၃) ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုသို့ ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူ (၃)ဦးအတွက် ကလေး PDF မှ အနူးအညွတ်တောင်းပန် ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးမှ ရှောင်းရှား သွားလာကြပါရန် မေတ္တာရပ်ခံပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့အဝင် (လဝက)ရုံးအတွင်း ကင်းပုန်းဝပ်နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီဝင်များ ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီီ ၉ မိနစ်အချိန်တွင် ပစ်ခတ်ခံရပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီဝင်များ ဆုတ်ခွာပြီး ထပ်မံအင်အားဖြည့်တင်းရန် ရောက်လာချိန်တွင် ကြိုတင်စီစဉ်ထားသည့် မိုင်းပဒေသာ ၄ ပွိုင်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး နေရာတွင် သေကာ ကျန်သူများ ဒဏ်ရာအများအပြားရရှိ၍ ‌ကားတစ်စီး ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက််တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သည့် မြောင်ဗိုလ်ထွန်း MBTT ၊ Blood Brothers၊ Hero ပျောက်ကြားတပ်ဖွဲ့ ၊ စော်ဘွားကြီး အထူးတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၆ (ခွဲ ၃) ၊ နတ်စစ်သည်တောက်များ ဖောက်ခွဲရေး Local-တပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article