27 C
Yangon

ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအပ်စုတွင် ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်းဖက်စစ် သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေသော နေရာသို့ တစ်ဦး တည်း အရပ်ဝတ်ဖြင့် နယ်မြေကျွံဝင်လာသော အကြမ်းဖက်စစ်သား ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကြာနီကန်စခန်းမှာ ရှိတဲ့ စစ်သားတွေက အဲဒီနေရာအနီးတစ်ဝိုက်ကို နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စု အဲလိုလျှောက်သွားနေရင်း တစ်ယောက်တည်း ကျွံဝင်လာတဲ့အချိန်မှာ ဖမ်းမိခဲ့တာ၊ ပစ်တာ ခတ် တာတွေမဖြစ်ခဲ့ဘူး၊ ဘယ်တပ်ကလဲဆိုတာလဲ မသိရသေးဘူး။ စစ်ဆေးနေတုန်းပဲ” ဟု Bago Region PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်သားထံမှ MA2 (၁)လက်၊ ကျည်ဘောက်(၄)ခုနှင့် 5.56ကျည် အတောင့် (၂၀၀) တို့ကို သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံစိတ်ချသောနေရာသို့ ခေါ်ဆောင်ထားကာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article