27 C
Yangon

ဒီပဲယင်းရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့၊ ပိဋကပ်ကျရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အတွင်းရှိ ဝဲကြီး၊ ညောင်လှ၊ သရက်တော၊ ချောင်းပေါက်၊ မူးခံတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်းနှင့် မဲအိုး စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” မနေ့က စစ်ခွေးတွေ ညအိပ် တပ်စွဲခဲ့တဲ့ ရွာတွေကို နံနက်ရောက်တော့ မီးထပ်ရှို့ပြီး သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ရွာတွေကို တောက်လျှောက်ကို မီးတင်ရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေဦးမြို့နယ် ပိဋကပ်ကျရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ရေဦးမြို့နယ် ပိဋကပ်ကျ ရွာထဲကို အကြမ်းဖက် စစ်ခွေးတွေ ဝင်ရောက် နေပြီး မီးစရှို့နေပြီလို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ညောင်ကြီးကုန်းကျေးရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article