28 C
Yangon

ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံရသူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကျားဖြူ စစ်ကြောင်းထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ကာ ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်း ဆီးခံရ သူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက် လာကြောင်း ကရင်ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က အတည်ပြု ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် အရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့် အတူ Justice Soldier- PDF ၊Lion အပါအဝင် ပူးပေါင်း စစ်ကြောင်းများက ဖမ်းဆီးရမိခဲ့ကြောင်း၊ Lion Battalion Commando Special Force ဗျူ ဟာစစ်ကြောင်းနှင့် KTL Army၊ Justice Soldier-PDF ၊ Eagle Brigade အပါအဝင် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများက စစ်ရေး လှုပ်ရှားနေသည့် နယ်မြေအတွင်းသို့ ကယ်ရီသမား အသွင်ယူထားစဉ် ပူးပေါင်းတပ်ဖွဲ့များက ဖမ်း ဆီးရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

အငြိမ်းစားဒုအရာခံဗိုလ် စိုးမြင့်ကို လက်နက်အပါအဝင် သက်သေခံ ဆက်စပ် ပစ္စည်း များနှင့် ဖမ်းဆီးရမိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏ အမည် မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇ တွင် အရာခံဗိုလ်ရာထူးဖြင့်နောက် ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ဖမ်းဆီးရမိသူကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ စစ်ဆေးမည်ဟု ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာလအတွင်းတွင် ပြန်လည် လွတ် မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အငြိမ်းစား ဒုအရာခံဗိုလ်စိုးမြင့် ပြန်လွတ်လာပါတယ်။ အဆင်ပြေပါတယ်။ အခုအခြေအနေက ပြန်လွတ်လာတယ်။ သူ့အိမ် သူပြန်ရောက်နေပါပြီ” ဟု ကရင်ပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

အငြိမ်းစား အရာခံဗိုလ် စိုးမြင့်၏ သားဖြစ်သူသည် စသုံးလုံး အရာရှိ စိုးသီဟ ဇော် ဖြစ်ပြီး သမီးဖြစ်သူမှာမူ စစ်ဗိုလ်အရာရှိကတော် ကျောင်းဆရာမ ဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် အငြိမ်းစား ဒုအရာခံဗိုလ် စိုးမြင့် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article