ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “နောက်ဆုံးကျ လက်နက်ဘယ်လောက်အားကိုး အားကိုး ပြည်သူထောက်ခံမှု့မရှိတဲ့စနစ်ဟာ ကျရှုံးရမှာဖြစ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။