28 C
Yangon

လောင်းလုံးမြို့နယ်တွင် PDF များကို ကြိမ်းဝါးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး ညိုအေးနှင့် ပျူစော ထီး နိုင်နိုင်တို့ ပစ်ခတ်ရှင်းလင်းခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် PDF များကို ကြိမ်းဝါး ခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး ညိုအေးနှင့် ပျူစောထီး နိုင်နိုင်တို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ညိုအေးသည် ရွာထဲသို့ စစ်ဘေးရှောင်လာသူများကို ၎င်းကိုယ်တိုင် သကျတ်တောရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့ကြောင်း၊ ရွာသူရွာသားများကိုလည်း အာဏာအမျိုးမျိုးပြကာ ခြိမ်းခြောက်ပြီး PDF တပ်ဖွဲ့ များကိုလည်း ကြိမ်းဝါးခြိမ်းခြောက်နေကြောင်း ၊ ထို့ကြောင့် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၆ နာရီ ခန့်တွင် ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

အလားတူ လောင်းလုံးမြို့နယ်၊ ရဘဲကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် နိုင်နိုင်သည် ကျေးရွာအတွင်းရှိ ပြည် သူ အချို့ကို အကြမ်းဖက် စစ်ကောင်စီထံ သတင်းပေးကာ ဖမ်းခိုင်းခြင်းတို့ကြောင့် ရွာသူရွာသား အချို့ မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင် ၏ တပည့် ပျူစောထီး(စွန်ရဲ)အဖွဲ့ဝင်များ ၊ စခများနှင့်ပူးပေါင်းကာ ခရီးသွားပြည်သူများကို တားဆီးစစ် ဆေးခြင်း၊ ပျူစောထီးအအဖွဲ့ဝင်ရန် လိုက်လံစည်းရုံးတို့ကြောင့် ယနေ့ နံနက် အစောပိုင်း ၃ နာ ရီခန့်က လောင်းလုံးမြို့ နယ် လမ်းပိုင်းတစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပစ်ခတ်ရှင်းလင်းမှုသည် လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီထောက်တိုင် ပျူစော ထီး အကြမ်းဖက်သမားများအား အချိန်တိုင်း၊ နေရာတိုင်း၌ မျက်ခြေ မပြတ်စောင့်ကြည့်ကာ ရှင်းလင်း သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်များ၊ ထောက်တိုင်များနှင့် ဝေးဝေးနေပေးကြပါရန် အသိပေးတိုက်တွန်းပါကြောင်း လောင်းလုံးမြို ့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article