28 C
Yangon

မြောင်၊ ဖွားစောရွာရှိ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး၊ တောပုရွာ၌လည်း တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ တပ်စွဲထားသော ဖွားစောရွာကို ကာကွယ်ရေး တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း Bwar Gyi MPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နံနက် ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဖွားစောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေစဥ် ကာကွယ်ရေး တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဖွားစောရွာကို မီးထပ်ရှို့နေတဲ့ စစ်ခွေးတွေကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်။ မနေ့က မီးရှို့ထားတဲ့ ဖွားစောရွာကို ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေ မီးထပ်ရှို့နေတုန်း ကျွန်တော်တို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမဟာမိတ် အဖွဲ့အကုန်လုံး ပေါင်းပြီးတော့ သူတို့ မီးရှို့နေတဲ့ အချိန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က တော့ အထိအခိုက် နှစ်ကောင်သေတယ် လို့သိထားရတယ်” ဟု Bwar Gyi MPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် စစ်တပ် ဖွားစောရွာကို ဝင်ရောက် စီးနင်းစဥ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဆိုင်ကယ်များဖြင့် ရော၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Bwar Gyi MPDF တပ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပုရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တောပု ကျေးရွာမှ ထွက်ခွာလာသော ပျူစောထီးများနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ၄၀ မမ ၄ ချက် အပါအဝင် ကျည်အချက်ရေ ၄၀ ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

” သေဆုံးစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ ၄၀ မမ ၄ ချက် ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း PDF_South_Monywa မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း PDF_South_Monywa၊ Special Forces 11 – PDF (မုံရွာမြို့နယ် ပကဖ)နှင့် Spring Dove Garuda King Monywa တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article