ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၅)ဦးကို သတ်ဖြတ်သွားကြောင်း ကောလင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ အထိုင်ချတပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နှင့် ချပ် သင်းဒေသ၌ အထိုင်ချတပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ် နှစ်ခုသည် ဒီဇင်ဘာလ ၉ ရက်နေ့၌ ကောလင်းမြို့နယ်အတွင်းဝင် ရောက်ကာ ကုက္ကိုကုန်းကျေးရွာမှ နေအိမ် (၈၇)လုံး၊ ပေပင် ချောင်ကျေးရွာမှ နေအိမ် (၃၉)လုံး၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၂၉)လုံး၊ ဇီးဖြူကုန်းကျေးရွာမှ နေအိမ် (၄၅)လုံးနှင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် (၂၄)လုံး စုစုပေါင်း နေအိမ် (၂၂၄)လုံးကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။
“ပေပင်ချောင်ရွာက အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ပစ်သတ်သွားတယ်၊ ဆန်စပါး၊ ကျွဲ၊နွား၊ ဝက်၊ လယ် ယာသုံးပစ္စည်းတွေ ဆုံးရှုံးသွားတာ အများအပြားပဲ၊ ဒီနေ့ညနေ ၄ နာရီလောက်မှာ ကိုးတောင်ဘို့ တပ်က စခန်း ပြန်ဝင်သွားပေမယ့် ချပ်သင်းတပ်က ကန့်ဘလူ၊ အောက်တဲရွာအရှေ့ဘက် မီတာ တစ်ထောင် လောက်မှာရှိနေသေးတယ်”ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ပြော သည်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံ နက် အစောပိုင်း ၁ နာရီခန့်က Kotaungbo Revolution KTB-R အပါအဝင်ဒေသခံ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ MI 35 ရဟတ်ယာဉ် နှစ်စင်းဖြင့် ပစ်ကူပေးကာ တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-R ထံက သိရသည်။