35 C
Yangon

ကသာတွင် မြို့လှ KPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေ ဆုံး ပြီး ခြေပြတ် ကျန်ခဲ့၊ ညောင်ပင်ဝန်း ရဲစခန်းနှင့် ရေတာရှည်တွင် စစ်သား များ ကို တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာမှ မိုးတားလေးကျေးရွာဘက်သို့ ချီတက်လာသော စစ်သားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့လှ PDF ထံမှ သိရသည်။

စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခလရ (၇၈) တပ်မှ စစ် ကြောင်း မှူး ဇေယျာမင်း ဦးဆောင်သော အင်အား ၆၇ ယောက်ပါ စစ်ကြောင်း ကို မြို့လှ K- PDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး တပ်ခွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်သားအလောင်းများကို နောက်တန်းနှင့် အနီးတဝိုက်၌ မြေမြှုပ်သွား ပြီး ခြေပြတ် လက်ပြတ်ဖြစ်သွားသော စစ် သား များကို ထမ်းထုပ်သယ်ဆောင်သွားကာ ပြတ် ကျန်ခဲ့သော ခြေထောက် များကို မြို့ လှ KPDF တပ်ဖွဲ့မှ မြေမြှုပ်ပေးခဲ့ရကြောင်း မြို့လှ KPDF က ထုတ် ပြန် ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ညောင်ပင် ဝန်းရဲစခန်းကို ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်ဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ် ရာ ရရှိခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရ သည်။

အဆိုပါ ညောင်ပင်ဝန်းရဲစခန်တွင်း အင်အားတိုးမြှင့်ကာ တပ်စွဲသော အကြမ်း ဖက် စစ်သားများသည် အနီး အနားပတ်ဝန်းကျင်ရွာများကို မီးရှို့ခြင်း ၊ ဖျက် ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဂိတ်ဖွင့်ကာဆတ် ကြေး ကောက် နေခြင်း တို့ကြောင့် တိုက်နယ်စွန် PDF နှင့် မြင်းမူ MMDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ ရဲစခန်း မြောက်ဘက်မှ ၆၀ မမ ၆ ချက်၊ ၄၀ မမ ၃ ချက်နှင့် လက်နက်ကြီး ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“စစ်ခွေးတွေ သေဆုံးထိခိုက်မှုအခြေအနေ မသိရသေးပါဘူး၊ စစ်ခွေးတွေက ပစ် လိုက် တဲ့ ကျည်ဆံက သစ်ပင်ကို ထိမှန်ပြီးတော့ အဲဒီကတစ်ဆင့် ပြည်သူ တစ် ဦး ထိမှန်တာရှိခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန် ကြားရေးက ပြော ကြားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာထိပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ် စခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ သေဆုံး ထိခိုက် မှု ရှိ နိုင်ကြောင်း ဒေါင်းမင်းသား – ရေတာရှည် PDF ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စခန်းသည် အင်အား ၃၅ ယောက်ခန့်ရှိပြီး တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားညီနောင်တပ်ဖွဲ့နှင့် သံတောင်မြောက် ပိုင်း ဦးကိုကြီး ဦးသော တပ်ဖွဲ့ တို့ပူးပေါင်းကာ အဝေးထိန်းမိုင်း (၂)လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း၊ မိုင်းကွင်းပေါ်တည့်တည့် ရောက်ရှိလာသည့် စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article