25 C
Yangon

ရေဦး၊ မုတ်စီရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့မှု နေအိမ် ၁၂၂ လုံးပြာကျပြီး စစ်သားများ မီးရှို့သတ်ဖြတ် မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၂ လုံးပြာကျခဲ့ကြောင်း Tiger Yeu Local – PDF အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မုတ်စီရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၂၂ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ ပြည်သူ တစ်ဦးဖြစ်သော စိတ်ရောဂါ ခံစားနေရသည့် ကိုဖိုးကိုက်ကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ရေဦး မုတ်စီရွာကို စစ်ခွေးတွေက ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တယ်။ ပြည်သူပိုင် နေအိမ် ၁၂၂ လုံးပြာကျပြီး ပြည်သူ ၁ ဦး မီးရှို့ သတ်ဖြတ် ခံရတယ်” ဟု Tiger Yeu Local – People’s Defence Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် မီးဘေးသင့် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article