30 C
Yangon

ဆားလင်းကြီး၊ ရှမ်းကိုင်းနှင့်တရားကျေးရွာကို စစ်တပ်က ဝင်ရောက်စီး နင်းပြီး စပါးပုံများ၊ လယ်ထွန်စက်နှင့် ကား၊ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းနှင့်တရားကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး စပါးပုံများ၊ လယ်ထွန်စက်နှင့် ကား၊ နေအိမ်များကို မီးရှို့ ဖျက်ဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခွဲမှစတင်ပြီး ဆားလင်းကြီး နှင့်ယင်းမာ ပင် မြို့နယ် ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးလာခြင်း ဖြစ်ပြီး ရှမ်းကိုင်းကျေးရွာနှင့် တရားကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ စပါးပုံများ၊ လယ်ထွန်စက်များ၊ နေအိမ်များကို မီးရှို့ပြီး ကျေးရွာ ထရန်စဖော်မာပုံများကို သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီးသွားကြေင်း သိရှိရသည်။

“ဒီမနက် ရှမ်းကိုင်းရွာ၊တရားရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာပြီး တောင်သူတွေ ရိတ်သိမ်း ပုံထားသော စပါးမခြေရသေးတဲ့ ကောက် လှိုင်းပုံတွေကို မီးရှို့ဖျက်ဆီးသွားပါတယ်။ တောင်သူဦးကြီး အားကိုးအား ထားပြု နေရတဲ့ လယ်ထွန်စက်များ နှင့် ဖောကားတွေကို မီးရှို့ဖျက်ဆီးတယ်။ ပြည်သူပိုင် ထရန်စဖော်မာ ၄လုံးကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးသွားပါတယ်” ဟု ဒေပြည်သူတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်မှ စတင်၍ ဆားလင်းကြီးမြို့ နယ်နှင့် ယင်းမာပင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ကျေး ရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် မှောင်မှောင်မည်းမည်းအချိန် တွင် ထွက်ပြေး တိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။

လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်ရှိ တရုတ် ကြေးနီထုတ် လုပ် ငန်းများအတွက် လုံခြုံရေးယူပေးထားသော စစ်တပ်က တရုတ် ကုမ္ပဏီ များမှ တရုတ်များ နှစ်သစ်ကူး ပြည်တော်ပြန်ရန် လုံခြုံရေးတိုးမြှင့်ရာမှ ပတ်ဝန်း ကျင်ကျေးရွာများသို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂နာရီခွဲအချိန်မှစ၍ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပုသိမ်-မုံရွာလမ်းဘေးဝဲယာရွာများအားလုံး နံနက် အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကား ၊လှည်းများ ဖြင့် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း၊ မုံရွာ-ပုသိမ်လမ်း မြောက်ယမား တံတားဘေး မှကျေးရွာများ အတွင်း စစ်ကြောင်းများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ လတ်တ လော ယမားတံတားဘေးဝဲယာရွာများကို စစ်ကြောင်းက ဝင်ရောက် မွှေနှောက် နေ ကြောင်း ၊ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာကားလမ်းတလျှောက်တွင်လည်း စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင် နေကြောင်း ဒေသပြည်သူများက ပြောသည်။

“ဒုံးတောကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကြောင်းရော၊ ဝမ်ပေါင်လုံခြုံရေး အတွက် တပ်စွဲထားတဲ့ စစ်ကြောင်းတွေရော တရုတ်နှစ်သစ်ကူး တရုတ်တွေ အိမ်ပြန်ချိန်အတွက် စပြီး လှုပ်ရှားတာပါ။ အခု ပြည်သူတွေက နံနက်စောစော အေးနေတဲ့အချိန်မှာ ကလေးတွေ သက်ကြီးရွယ်အိုတွေ အရမ်းကို ဒုက္ခရောက် ကြပါတယ်။ အခုတော့ မြောက်ယမားထိပ်နဲ့ တောင်ယမားတံတား ထိပ်ကျေး ရွာတွေကို စစ်တပ်က ဝင်မွှေနေပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လိုနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article