ရန်ကုန်၊ ဒီဇင်ဘာ ၁၄
နိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော်များဖြင့် ဖွဲ့စည်းထားသော အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုများမှ ဦးဆောင်ကာ “တိုင်းပြည်အနာဂတ်လှဖို့
ရပ်ကြည့်နေမည့်အစား စွမ်းတဲ့နေရာကပါဝင်ပေးကြပါ။ အဓမ္မတွေ အဆုံးသတ်ဖို့အချိန်တွေက နီးလာပါပြီ” စာသားနှင့် ယနေ့ ဒီဇင်ဘာ ၁၄ နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။