30 C
Yangon

“မေမေ လာကယ်ပါ”၊ “အရေးတော်ပုံ ကျရှုံးရမည်” ဟု အော်ဟစ်ခိုင်းပြီး PDF ရဲဘော်ကို စစ်တပ်က ညှဥ်းပန်းနှိပ်စက်

Must read

ရန်ကုန်| ဒီဇင်ဘာ ၁၄

အသက် ၁၉ နှစ်အရွယ်ရှိ PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်၏ ညှဥ်းပမ်းနှိပ်စက်ခံနေရသည့် ရုပ်သံမှတ်တမ်းကို CDF KKG က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါ ယင်းရုပ်သံတွင် စစ်ကောင်စီ စစ်သားတွေက PDF ရဲဘော်ကို ” မေမေ လာကယ်ပါ” (ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုခြင်းလို့ နားလည်ရပါသည်) “အရေးတော်ပုံ ကျရှုံးနေပြီ” ဟု အော်ဟစ်ခိုင်းပြီး လှောင်ပြောင် နှိက်စက်နေသည်ကို တွေ့ရသည်။

နှိက်စက်ခံနေရသည့် ရဲဘော် နိုင်ဝင်းမြင့်ဆိုသူသည် မျက်နှာတစ်ခုလုံး ဖူးရောင်ပေါက်ပြဲနေသလို မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကနေပါ သွေးအလိမ်းလိမ်းကျနေသည် ရုပ်သံမှာ တွေ့ရပြီး ပီဒီအက် ကဆိုသည်ကို ပြောသော်လည်း နာကျင်သည် ဒဏ်ကြောင့် ကောင်းကောင်း စကားမပြောနိုင်တော့ဘဲ ရုပ်သံတွင် အတည်ပြုနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း မရှိပေ။

ယင်း PDF ရဲဘော်မှာ ညီမ “ဘယ်နှစ်ယောက်ရှိလဲ”ဟု မေးပြီး ၅ယောက်ရှိကြောင်း ဖြေကြားရာတွင် စစ်ကောင်စီတပ်သားများက မုဒိမ်းကျင့်မည်ဟု ကြိမ်းမောင်း ပြောဆိုနေသည်ကို ကြားရသည်။

အဆိုပါ ရုပ်သံကို ယခုနှစ် မေလက ကလေးမြို့နယ် တောင်ပိုင်း ရှားဖိုးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဆီက သိမ်းဆည်းနိုင်ခဲ့သည့် ဖုန်းထဲမှတစ်ဆင့် CDF-KKG တပ်ဖွဲ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article