28 C
Yangon

တန့်ဆည်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၇ ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်နှင့် PDFပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

တန့်ဆည်မြို့နယ် ထန်းကုန်းကြီးရွာကို မီးရှို့နေသော စစ်ကောင်စီတပ်ကို ဒီဇင် ဘာလ၁၂ရက် ညနေ၄နာရီခန့်တွင် TRF ရွှေဘိုခရိုင် တပ်ရင်း ၁၆ က တိုက် မိုင်း ၂ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး အလောင်း များ ကို ပုတီးရွာ သုသာန်တွင် မြှုပ်နှံထားခဲ့ကြောင်း TRFထံမှ သိရသည်။

ထို့နောက် အောင်စွာရွာအနီးရှိ မီးပစ်တံတားသို့ ရောက်လာသော စစ်ကောင်စီ တပ်ကို ဒီဇင်ဘာလ၁၄ရက် နေ့လယ်ပိုင်းတွင် တန့်ဆည်PDF ရွှေဘိုခရိုင် တပ် ရင်း ၆၊ တပ်ရင်း၈နှင့် တပ်ရင်း၁၀တို့က စောင့်ကြိုတိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား၄ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း တန့်ဆည် PDFထံမှ သိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရှေ့ဆက်လာသော စစ်ကောင်စီတပ်ကို အောင်စွာရွာ အဝင် တွင် ရွှေဘိုခရိုင် တပ်ရင်း၈နှင့် တန့်ဆည်ပြည်သူ့ကာကွယ်‌ ရေးအဖွဲ့ (ပကဖ) တို့က တိုက်မိုင်း၇လုံးဆွဲ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တန့်ဆည် ပကဖ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ခွေးတွေ အထိနာပြီး ရှေ့ဆက်တိုးလာတာ၊ အောင်စွာ အဝင် နားမှာ ကျနော်တို့ မိုင်း၇လုံးဆွဲလိုက်တာ အသေများတယ်၊ ဒဏ်ရာတွေ လည်းရတယ်”ဟု တန့်ဆည်ပကဖ ရဲဘော်က ပြောသည်။

ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို အောင်စွာရွာတွင်တပ်စွဲ၍ ဆေး ကု သပေးနေပြီး စစ်ကောင်စီတပ်သားများ ပစ်ခတ်သဖြင့် စစ်ဘေး ရှောင် ပြည် သူ အမျိုးသားတစ်ဦး လက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ၁၂ရက်နှင့် ၁၃ရက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တန့်ဆည် မြို့နယ် ပေချောင်ရွာနှင့် ထန်းကုန်းကြီးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ရာ ပေချောင်ရွာမှ အဆောက်အဦ၉၇လုံး၊ ထန်းကုန်းကြီးရွာမှ နေအိမ် ၇၅ လုံး လောင် ကျွမ်းပျက်စီးခဲ့ရသည်။

ဓာတ်ပုံ- တိုက်ပွဲဝင်နေသည့် တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article