26 C
Yangon

မော်လိုက်တွင် စစ်တပ်နှင့်ပူးပေါင်းသော NLD အမတ်ဟောင်း ဗိုလ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး၊ ရေဖြူတွင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် NLD ပါတီနှင့်လမ်းခွဲပြီး ၂၀၂၀ ရွေးကောက် ပွဲတွင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့ကာ အာဏာသိမ်းချိန်တွင် စစ်တပ်နှင့် ပူး ပေါင်းလိုက်သော အမတ်ဟောင်း၊ အမတ်လောင်း ဗိုလ်သိန်း ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်း မော်လိုက်မြို့နယ်၊ ကံထူးရွာတွင် နေထိုင်သော အမတ်လောင်း ဦးဗိုလ်သိန်းကို ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ပြီး ၎င်းသည် မော်လိုက်မြို့ လုံခြုံရေး တာဝန်ယူထားသော G 1 စစ်အရာရှိ သီဟဝင်းနှင့် ပူး ပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၏ သတင်းစုဆောင်း ဖမ်းဆီးနေသူဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“သူ့က NLD အမတ်ဟောင်းပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ကို NLD က တိုင်း ဒေသကြီး အမတ်လောင်းအဖြစ်မရွေးတော့လို့ တသီးပုဂ္ဂလဆိုပြီး ထပြိုင်တယ်။ ရှုံးတယ်။ စစ်အာဏာသိမ်းတော့ စစ်ခွေး G1 အရာရှိ သီဟဝင်းနဲ့ပေါင်းပြီး ဒ လန် လုပ်နေတာ။ မနေ့ည ကအသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ဆို သည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ပုဂေါဇွန်းရွာတွင် ရာအိမ်မှူး နေလင်း (ခ) နော်မှတ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ၁၂ ရက်၊ နံနက်၇ နာရီခွဲခန့်တွင် ရာအိမ်မှူး နေလင်းဦး (ခ)နော်မှတ် ဆိုသူ ကိုတနင်္သာရီတိုင်းပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့(T-PDF)၊ထားဝယ် (ပကဖ) DGRFနှင့် လောင်းလုံး LLPDFတို့က ပစ်ခတ်ရာမှ သေဆုံးသွား ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဦးခေါင်းကို၂ ချက်၊ ဝမ်းဗိုက် ကို ၁ ချက် စုစုပေါင်းကျည် ၃ ချက်ဝင် ပစ်ခတ် ခဲ့တာ ပါ။ သွေးအိုင်ထဲပွဲ ချင်းပြီး သေဆုံး ကျန်ခဲ့ပါတယ်”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ရာအိမ်မှူး နေလင်းဦး (ခ)နော်မှတ်သည် ဖက်ဆစ်ကောင်စီက ရာအိမ်မှူး အဆင့်ခန့်အပ်၍ သတင်းစုဆောင်းခိုင်းထားသူဖြစ်ပြီး သတင်းမပေးရန်နှင့် ရာအိမ်မှူး ဆက်မလုပ်ရန် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် အလုပ်ကို ရပ်နာခြင်းမရှိခဲ့သဖြင့် ယခုနောက်ဆုံး ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article