25.4 C
Yangon

ရန်ကုန်တိုင်း၊ တောင်ဒဂုံ စစ်တပ်ကောင်စီ၏ တပ်ရင်း ၃ အနီးတွင် ဗုံး ၂ လုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း တပ်ရင်း ၃ အနီးတွင် ယနေ့ည ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ဒဂုံရှိ အကြမ်းဖက် စစ်တပ် တပ်ရင်း ၃ အနီး၌ ကျယ် လောင်သော ဗုံး ၂ လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အုန်းခနဲ အသံအကျယ်ကြီး ၂ ချက်ကြားတယ်။ အရှေ့ဒဂုံမှာ အိမ်တွေပါ တုန် တယ်။ တပ်ရင်း ၃ နားမှာပေါက်တာပါ။ အိမ်ပါတုန်တယ်။ ဗုံးပေါက်တဲ့ နေရာက အရှေ့ဒဂုံနဲ့ တောင်ဒဂုံအစပ်။ မြို့နယ်နဲ့ပြောရင်တော့ တပ်ရင်း ၃ က တောင်ဒဂုံ ထဲပါတယ်။ အမှတ် ၂ လမ်းမကြီးနားမှာ ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြော ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဥ်ကြောင့် ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- တောင်ဒဂုံတပ်ရင်း ၃ ဂိတ်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article