26 C
Yangon

မြောင်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး၊ ရေဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးကြောင်း မီးနဂါး NZN Revolution Force တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းရွာနှင့် လှေတင်ဦးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စိန်တိုင် အင်းရိုးအတိုင်း ပြန်လည် ဆုတ်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရွှေ့လားမိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးနေရာ ပွဲချင်းပြီး သေဆုံး ပြီး ဒဏ်ရာရ စစ်သား ၇ ဦးသည် ဆေးရုံ အရောက်တွင် ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁ မီးနဂါး NZN Revolution Force နှင့် ဖိုက် တာ ဇိုး MUA အထူးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြောင်းမတော် ရေလွှဲအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား အများ အပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Ye U Freedom Commrades – YFC ထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ စ၍ ဒီပဲယင်းမြို့နယ် အရှေခြမ်းနှင့် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်အား ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၉ ၊ တပ်ရင်း ၁၄ ၊ Ye U Freedom Commrades –YFC ၊ ရေဦး ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article