25.4 C
Yangon

Breaking News- မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဆေးရုံကား ၃ စီးထက်မနည်း လေတပ်ထဲသို့ ဝင်သွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ကြောင်း ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပေါက်ကွဲသံ ၃ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများ က ပြောသည်။

“ည ၈ နာရီ ၄၁ မိနစ်မှာ ဗုံးကွဲသံနဲ့အတူ အိမ်ကို ခဲတွေတောင်လာမှန်ပါတယ်။ ‌ လေယာဉ်ကွင်း ပတ်လမ်းဘေးရပ်ကွက်က အရမ်းကို ကျယ်တဲ့ အသံကို ကြားရ တာ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလင်းရောင်တွေတောင် ဖြာ ထွက်သွား တယ်။ လေယာဉ်ကွင်းဘေးက အိမ်တွေကို ခဲတွေ ခေါင်မိုးပေါ် မိုးရွာသလို ကျ လာ တာ။ လေတပ် ထဲကို လှမ်းပစ်တာ လို့ကြားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ခြင်း ဖြစ် ပြီး ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခြင်းဖြစ်ကြောင်း ပြော ဆိုသည်။

“ည ၈ နာရီ ၄၁ မိနစ်မှာ ရှော့တိုက်ဒုံး၅ လုံး တစ်ပြိုင်နက်တည်း ပစ်တာ။ ၅ လုံး က တစ်ပြိုင်နက်တည်း ကျတယ်၊ ပေါက်ကွဲတယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရ ပေ မယ့် ၅ လုံး စလုံး တစ်ပြိုင်နက်တည်းပေါက်တာပါ” ဟု ရန်ကုန်မြို့ပြ UG တာဝန်ရှိ သူက ပြောသည်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံကား များ ဆက်တိုက်ဆိုသလို လေတပ်စခန်းဌာနချုပ်ထဲသို့ ဝင်ရောက်နေ ကြောင်း သိရှိရသည်။

“ခွေးတွေတော်တော်ထိသွားတယ်ထင်တယ်။ အခု ဆေးရုံကားတွေ တောက် လျှောက်ပဲ ဝင်နေတယ်။ အခုအသံကြားတာတင် ဆေးရုံကား ၃ စီးရှိနေပြီ” ဟု လေဆိပ်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မင်္ဂလာဒုံလေတပ်စခန်းနှင့် လေဆိပ်ဘက်တွင် စစ်ကောင်စီ ဘက်က စစ်ကား၊ ရဲကားများ အလုံးအရင်းဖြင့် ဝင်ရောက်နေပြီး ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article