30 C
Yangon

သာကေတနှင့် ငါးဇွန်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်၊ သာကေတမြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သာကေမြို့နယ်၊ ၁၀ ရပ်ကွက် မြောက်ကွေ့မ အိမ်ရာအနီး ဘုရားလေးကွေ့ ရေဆေးခုံ၌ စစ်တပ် သတင်းပေး စိန်ကုလား (ခ) ဘာဘူကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

စိန်ကုလား (ခ) ဘာဘူသည် သေနတ်ကျည် ၆ ချက်ထိမှန်ကာ ပစ်ခတ်တိုက်ခိုက်ခံရသော နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ စိန်ကုလားသည် တော်လှန်ရေး အင်အားစုများနှင့် ပတ်သက်သည့် အကြောင်းအရာများကကို စစ်တပ်ထံ သတင်းပေး တိုင်ကြားခြင်း၊ အရပ်သားပြည်သူများကိုပင် ဒုက္ခပေးနေသူ တစ်ဦးဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မင်းကြီးကြပ်ရွာက အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဟန်ဝင်းကို ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း TGYR – Youth Guerilla Counter Revolution (LPDF) ခေါင်းဆောင် Ko Eco က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

စစ်ကောင်စီသတင်းပေး ဟန်ဝင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသော မိုင်းများ ကိုရှာဖွေကာ အကြမ်းဖက်စစ်ကောင်စီထံအပ်နှံခဲ့သည့်အပြင် အခြားသတင်းပေးဒလန်များနှင့်ပူးပေါင်း ကာ စစ်ကောင်စီအလိုကျ လိုက်လံလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“သားကြင်ရွာက လက်ဖက်ရည်ဆိုင်လာတဲ့အချိန် နှတ်ခမ်နီ(ကျည်)နှစ်တောင့်အသုံးပြုရှင်းလင်းခဲ့တာပါ၊ သူက ကျနော်တို့ မိုင်း ၅ လုံး၊ ဖုန်းတစ်လုံး၊ ပါဝါဘဏ်တစ်ခုကို ပထမအကြိမ် ခွေးတွေဆီအပ်ခဲ့ပါတယ်၊ မိတ်ဖက်အဖွဲ့က မိုင်း ၇လုံးကိုလည်း ခွေးတွေဆီအပ်ခဲ့တယ်၊ခွေးတွေနဲ့ပေါင်းပြီး သတင်းပေးလုပ်နေလို့ ရှင်းလင်းလိုက်တာပါ” ဟု TGYR – Youth Guerilla Counter Revolution (LPDF) ခေါင်းဆောင် Ko Eco က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

အဆိုပါရှင်းလင်းမှုကို TGYR – Youth Guerilla Counter Revolution (LPDF)၊ မာန်စွယ်ကျား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ BHGF – Black Hero Guerilla Force တို့ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article