သပိတ်ကျင်းတွင် တကောင်းနီကယ်စက်ရုံ လုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ကို ဖမ်းဆီးရမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တကောင်းနီကယ်စက်ရုံ လုံခြုံရေး တာဝန် ကျ ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ကို မိသားစုထံ ခွင့်ပြန်စဉ် ဖမ်းဆီးရမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁၀နာရီ ၄၅ မိနစ် အချိန် သပိတ်ကျင်း မြို့နယ် တကောင်း နီကယ်စက်ရုံတွင် လုံခြုံရေးတာဝန်ကျသော ရဲဒုတပ်ကြပ် ဆန်းမင်းဇော်သည် ခွင့်ဖြင့် ၎င်းမိသားစုထံသို့ပြန်စဥ် သပိတ်ကျင်းမြို့ နယ် အတွင်း တွင် ရပ်ကျေးကာကွယ်ရေးအဖွဲ့များနှင့် TBK တောဆင်ရိုင်းပြောက် ကျား ရဲဘော်များက ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ဖမ်းဆီးရမိခဲ့သည့် ရဲဒုတပ်ကြပ် ဆန်းမင်းဇော်သည် ရဲလုပ်သက် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်အပြီးတွင် ထွက်ပြေး လွတ်မြောက်ရန် ခုခံကြိုးစားခဲ့သောကြောင့် TBK တောဆင်ရိုင်း ပြောက် ကျား တပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ စစ်တပ်အတွက် သတင်းပေးနေသူများ ချိန်မီ နုတ်ထွက်ကြရန် သတိပေး ထုတ်ပြန် ထားပြီး မလိုက်နာလျှင် ပြင်းပြင်း ထန်ထန် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။
ဓာတ်ပုံ- ဖမ်းဆီးရမိစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ရဲဒုတပ်ကြပ် ဆန်းမင်းဇော်။
