သပိတ်ကျင်းမြို့နယ် ပကဖ PDF-ကြာညှပ် တပ်ဖွဲ့ထံသို့ ထောက်ပို့ထားသည့် ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
မန္တလေး၊ သပိတ်ကျင်းမြို့နယ် ပကဖ PDF-ကြာညှပ် တပ်ဖွဲ့ထံ ထောက်ပို့ထား သည့် ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အရေးပေါ် အကူအညီလိုအပ် လျက်ရှိ ကြောင်း PDF-ကြာညှပ် တပ်ဖွဲ့မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း PDF -ကြားညှပ်တပ်ဖွဲ့သည် ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီး ငွေကြေးတန်ဖိုးအားဖြင့်တော့ ကျပ်သိန်း ၆၀ ကျော်ကုန်ကျကာ အမှားအယွင်းများရှိမှုကြောင့် ထောက်ပို့ထားသော ငွေကြေးများ ဆုံးရှုံးနစ်နာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“စိတ်မကောင်းစွာနဲ့ပြောချင်တာက လွန်ခဲ့သော(၁)ပတ်လောက်က လုပ်ငန်း သုံးပစ္စည်းအချို့ဝယ်ယူခဲ့ပါတယ် ငွေကြေးတန်ဖိုးအားဖြင့်တော့ ကျပ်သိန်း ၆၀ ကျော်ဖိုးလောက်သည် error တချို့ကြောင့် မိဘပြည်သူများ လှူဒါန်း ထောက် ပို့ထားသောငွေကြေးများ ဆုံးရှုံးနစ်နာသွားခဲ့ရပါတယ်” ဟု PDF-ကြာညှပ် တပ်ဖွဲ့မှ ဗိုလ်စိုးကြီးကပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် သည် အကြမ်းဖက် စစ်တပ်ကို ရရာ နည်း လမ်းဖြင့် အစဉ်တစိုက်အားထုတ် တော်လှန်နေသည့် အဖွဲ့စည်း ဖြစ် ကြောင်း၊ နောက်ထပ် ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့် အဖွဲ့စည်း ရပ်တည် ရေးအတွက် အခက်ခဲရှိလာသည့်အတွက် မိဘပြည်သူများကို ဖွင့်ဟ ပြောဆို အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း၊ အမှန်တကယ် ခက်ခဲလာသည့် အခြေအနေကြောင့် ထောက်ပို့ ကူညီပေးကြရန် တောင်းဆိုကြောင်း PDF-ကြာညှပ် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အနေဖြင့် စစ်တပ်အား ရရာနည်း လမ်း အသုံးပြုပြီး တော်လှန်ရေးအောင်မြင်သည်အထိ နောက်မဆုတ်ဘဲ တိုက်ပွဲဝင် တော် လှန်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားသည်။
