25.1 C
Yangon

ရွှေကူမြို့နယ် ရေလဲရွာကို စစ်တပ်က မီးတင်ရှို့ပြီး ရွှေရှာသည့် စက်လှေ များကိုပါ မီးတင်ရှို့နေ

Must read

ရွှေကူမြို့နယ် ရေလဲရွာကို စစ်တပ်က မီးတင်ရှို့ပြီး ရွှေရှာသည့် စက်လှေ များကိုပါ မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ရေလဲရွာကို စစ်တပ်က ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ်သို့ ပြောကြားသည်။

“ညကတည်းက စစ်တပ်က ရွာထဲ ရောက်တာ။အခု ရွာကို မီးရှို့တယ်။ ရွာက လူတွေ အကုန်ပြေးကြပြီ။ မြစ်ကြောင်းထဲ မောင်းတဲ့ ရွှေစက်လှေတွေကိုလည်း အခု နောက်ထပ် မီးရှို့နေပြန်ပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်က ရေလဲရွာကို လက်ရှိအချိန်အထိ မီးဆက်လက် ထပ်ရှို့နေဆဲဖြစ်ပြီး ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ရေလဲရွာမှာ အိမ် ခြေ ၁၆၀ ခန့်ရှိ ကျေးရွာ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article