28 C
Yangon

CRA ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး (၁၂၉)ဦးကျော်ကို ချေမှုန်းနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အခြေစိုက်၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – Chaung U Revolution Army- CRA ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး (၁၂၉)ဦး ကျော်ကို ချေမှုန်းနိုင်ခဲ့ကာ (၅၄)ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း တပ်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အစီရင်ခံစာထုတ်ပြန်ချက်အရ သိရသည်။

ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – – Chaung U Revolution Army- CRA ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၁)နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဒေါက်တိုင် Mytel Tower (၄)တိုင် ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု (၁၆)ကြိမ်တွင် အကြမ်းဖက်စစ်ကား (၅)စီး ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ပျူစောထီးပူးပေါင်း စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု (၉)ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီ သင်္ဘာကို တိုက်ခိုက်မှု (၅)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၄)ကြိမ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ (၄)ကြိမ် ဆင်နွှဲခဲ့ကြောင်း သိရသည်။

“အဓိကကတော့ လက်နက်ခဲယမ်းလိုအပ်ချက်ရှိတယ်၊ ကိုယ့်မြို့နယ်ထဲကမှာ ပျူစောထီးရွာကလည်း ရှိနေတော့ တိုက်ပွဲက အမြဲတမ်းလိုဖြစ်နေတာ၊ စခန်းတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာ ဒီပျူစောထီးတွေ လက်ချက်ပဲ” ဟု CRA တပ်ဖွဲ့တာဝန်ခံ ဗိုလ်ပျံလွှားက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

(၁)နှစ်အတွင်း မိုင်းတစ်ထောင်(၁၀၀၀)ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ အတွက် အလုံး (၄၃၀) ကျော်၊ မဟာမိတ်များအတွက် (၅၆)လုံး အသုံးပြုရန် ထုတ်ပေးနိုင်ခဲ့ပြီး တပ် ဖွဲ့အတွက် အလုံး ၃၀၀ ကျော်ကို အသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဖောက် ခွဲတိုက် ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“တော်လှန်ရေးကြာလာတော့ အခက်အခဲကပိုများလာတယ်၊ လက်နက်ခဲယမ်းလိုအပ်သလို ဒေသခံ စစ်ဘေးရှောင်တွေအတွက်လည်း လိုအပ်လာတယ်၊ အဲဒါကြောင့် ဒီလထဲမှာ ကမ်းပိန်းလေးလုပ်ထား တယ်၊ အားပေးကြပါအုံး။ ဆောင်းရာသီရောက်လာပြီဆိုတော့ အနွေးထည်တွေလည်း လိုအပ်လျက်ရှိ ပါတယ်” ဟု CRA တာဝန်ခံဗိုလ်ပျံလွှား မေတ္တာရပ်ခံပြောဆိုသည်။

(၁)နှစ်အတွင်း CRA တပ်ဖွဲ့ဝင် (၆)ဦးကို ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်တစ်ဦး သတ်ဖြတ်ခံခဲ့ရကာ စခန်းကို ဝင်ရောက်စီးနင်းခံရမှု (၃)ကြိမ်ရှိကြောင်း၊ ပျူစောထီးများမှ မိုင်းဖော်ထုတ်ခံရမှု အကြိမ် (၂၀)ကျော်၊ အကြမ်း ဖက် စစ်သားများမှ မိုင်းဖော်ထုတ်ခံရမှု အကြိမ် (၅၀)ကျော်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article