33 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရှမ်းပြည်နယ် နမ့်ဆန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက်စစ်သားတွေကို လာရောက်ချထားပြီး စစ်အင်အားတိုးချဲ့နေတယ်လို့ TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဇရပ်ကွက်မှာရှိတဲ့ BMB KTV နဲ့ မာဆပ်မှာ ပျော်ပါးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။ – ပအိုဝ်းပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပအိုဝ်း အမျိုးသားဖက်ရယ်ကောင်စီ(PNFC)က (၇၃) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article