36 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကို ဗဟိုပြုပြီး ၊ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၃ နာရီ ၁၆ မိနစ် အချိန်က ပြင်အား ၅ ဒသသမ ၂ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ် သွားခဲ့သလို ၊ ပြည်သူအများစု လည်း ခံစားသိရှိခဲ့ရတယ်လို့ မန္တလေးမြို့ခံပြည်သူတွေ နဲ့ နိုင်ငံတစ်ဝန်း ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ချင်းပြည်နယ်၊ ဟားခါးမြို့-အခြေဆိုက် အကြမ်းဖက် စစ်ကောင်တပ်ရဲ့ ခမရ ၂၆၆ တပ်ရင်းက တပ်သား ၃ ဦးနဲ့ ဟားခါးမြို့မ ရဲစခန်းက ရဲတပ်သား ၁ ဦးတို့ဟာ လက်နက်ခဲယမ်းတွေ နဲ့ အတူ CDF-ဇိုဖီ – အဖွဲ့ဆီကို CDM ပြုလုပ် အလင်းဝင်လာတယ်လို့ ဒေသ သတင်းရင်းမြစ် The Chin Journal ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ- ကျေးရွာမှာရှိတဲ့ ရွှေဂူကျောင်း အတွင်းမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article