28 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့ -ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့ နဲ့ နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန် အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက်ဆိုပြီး ၊ စစ်ကောင်စီက စစ်ဘက်အရာရှိကြီးတွေ ဦးဆောင်ပါဝင်တဲ့ အဖွဲ့တစ်ခုကို ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပါတယ်။ – စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ စုဝေးရာ နေရာ ၄ ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၅)-MRA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ -စစ်ကိုင်းတိုင်း၊ အင်းတော်-မြို့နယ်မှာရှိတဲ့ ညောင်ကုန်း၊ ဂျုံးဂျုံးကျကျေးရွာ နဲ့ ပိန်းအင်း- ရွာအနီးမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်က အယောက် ၄၀ နီးပါး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article