36 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ကြံ့ဖွတ်ပါတီဝင် နဲ့ အမာခံ ၃၆၄ ဦးကို စစ်ကောင်စီက အုပ်ချုပ် ရေးမှူး နဲ့ ရာအိမ်မှူးတွေအဖြစ် ခန့်အပ်လိုက်သလို ၊ အဲ့ဒီလို ခန့်အပ်မှုတွေဟာ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီရဲ့ အကြံပြုချက်အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်တာဖြစ်တယ်လို့လည်း စစ်တပ် သတင်း ရပ်ကွက်ဆီကနေ သိရပါတယ်။ – မန္တလေးတိုင်း ၊ အမရပူရမြိုနယ် ကွမ်းသီးတန်းလမ်း၊ ကံပွင့် ကွမ်းယာဆိုင်မှာ ကြံ့ဖွတ်ပါတီဝင် နေမျိုးအောင် ဆိုသူနဲ့ တူဖြစ်သူတို့ ၂ ဦးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ရှင်းလင်း ခံရပြီး သေသွားတယ်လို့ သိရပါတယ်။ -ပဲခူတိုင်း၊ တောင်ငူ-ခရိုင် ၊ ထန်တပင်မြို့နယ်၊ ကျီတော်ကျေးရွာအုပ်စုမှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက် ခံ ခမရ ၄၀၂ တပ်က ဗိုလ်ကြီး ရဲဝင်းအောင် ဆိုသူရဲ့ ယောက္ခထီး ဖြစ်သူ အုပ်ချုပ်ရေးမှူး ဌေးအောင်ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၂၀ ရက်နေ့က ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွား တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article