31 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရန်ကုန်တိုင်း၊ စမ်းချောင်း၊ ဝေဠုဝန်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင် နဲ့ ရာအိမ်မှူး ထွန်းထွန်း ဆိုသူတို့ ၂ ဦးဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လက်ဖက်ရည်သောက်နေတဲ့ အချိန် ပစ်ခတ် ရှင်လင်းခံရပြီး သေသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။

– မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်း- ကျေးရွာထိပ်မှာရှိတဲ့ မန္တလေး-ဗန်းမော်လမ်း စစ်ဆေးရေးဂိတ်က ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နဲ့ ရဲ စုစုပေါင်း ၄ ဦး သေသွားတယ်လို့ သပိတ်ကျင်း မြို့ နယ် (ပ.က.ဖ) ကြာညှပ်ရဲ့ ဗိုလ်စိုးကြီးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။

– တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်မှုအပြင်၊ လက်နက်ငယ်တွေနဲပါ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

See translation

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article