29 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်မန်နေဂျာ ရုံးကို PDF တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ PDF တပ်ဖွဲ့တွေဆီကို လက်နက် ၁ လက် အပ်လိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီက စစ်ကြောရေးမှာ သူ့လူ အချင်းချင်း သတ်ဖြတ်လိုက်တယ်လို့ Bagan Ogre Force (P.D.F) တပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး နဲ့ ဥက္ကဌ ဟောင်းဖြစ်တဲ့ သိက္ခာ တော်ရ ဆရာတော်ဒေါက်တာခလမ်ဆမ်ဆွန် ကို မတရား အသင်း အက်ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ သတင်းလူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ News of Myanmar ကနေ သတင်းထုတ်ပြန်ထားပါတယ်။

-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှာရှိတဲ့ မင်္ဂလာဆောင်တစ်ခုမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး နဲ့ စွန်ရဲ အဖွဲ့တွေကနေ ဗုံးထောင်ဖောက် ခွဲခဲ့ရာမှာ ပြည်သူ ၆ ဦးဒဏ်ရာ ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article