30 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -နေပြည်တော်၊ လယ်ဝေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီးနောက် သံသယအဖြစ် ဖမ်းဆီးခံရတဲ့ မောင်ဘုန်းမြတ်ကို ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြော ရေးမှာ သတ် ဖြတ်လိုက် တယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစု နဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ – တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ ဒေသမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရဲ့ နယ်စပ်စခန်း ကုန်းကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဝင်ရောတိုက်ခိုက်ခဲ့ပြီး ၊ အဲ့ဒီ့မှာ စစ်ကောင် စီဘက်က ၃ ဦးသေသွားသလို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ တယ် လို့ PDF ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်းဆီကနေ သိရပါတယ်။ -မကွေးတိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့ တွေက ဒီဇင်ဘာလ ၄ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ အပါ အဝင် အယောက် ၃၀ နီးပါး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article