34 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်လူသတ်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအရေးကို ဖြေရှင်းဖို့ အမေရိကန်က အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) ရဲ့ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းလိုက်ပြီး အမေရိကန် အစိုးရက ကိုင်တွယ်မှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ – ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုနဲ့ ထူထောင်ပြီး စစ်ဒေသမှူးတွေအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်တွေက စစ်ဘက်ခေါင်းဆောင်တွေက တာဝန်ယူထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် အသိပေးမိန့်ခွန်းပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီး၊ ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့အကြမ်းဖက် စစ်ကောင် စီဂိတ်ကို ပြည်သူတွေဆီက မတရားငွေကြေးတောင်းခံနေတဲ့အတွက် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဒုတိယ အကြိမ် ဒရုးန်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား (၁)ဦးသေဆုံးပြီး (၆)ဦး အပြင်းအထန်ဒဏ်ရာရရှိ ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article