28 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ၊ စစ်ရဟတ်ယာဉ် ဆင်းသက်စဉ် KNLA က ဝင်ရောက်ပစ်ခတ်

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ၊ စစ်ရဟတ်ယာဉ် ဆင်းသက်စဉ် KNLA က ဝင်ရောက်ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ KNLA တပ်များ နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်း စဉ်က ဖော်ပြထားသည်။

KNLA အမှတ် ၅ တပ်မဟာမှ ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် စစ် ကောင်စီတပ်၏ ရဟတ် ယာဉ် နှစ်စီး လယ်တိုးစခန်းသို့ လာရောက်၍ တစ်စီး က လမ်းရှင်းပစ်ခတ်မှုပြုလုပ်ပြီး ကျန်တစ်စီး ဆင်းသက်ချိန်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရမှု စာရင်းကို မသိရှိရသေးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် KNLA တပ်ဖွဲ့ဝင် များသည် လူသောမြို့နယ်အတွင်းရှိ လယ်မူပလောကျေးရွာအုပ်စုရှိ စစ်ကောင် စီတပ်၏ ထော့မူပလယ်မဲစခန်းကို ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ၊ ထပ်မံ၍ ယင်းနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ် အချိန် KNLA က ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လယ်တိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဝင် ၁ ဦးသေကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက်‌နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင်လည်း ကတိုင်တိ မှ ကမမောင်းဘက်သို့ ပြန်ဆင်းလာသည့် စစ်တပ်လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များကို ဝါးသိုးခိုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၄၁ မိနစ်အချိန်တွင်လည်း လူသောမြို့နယ် ကူဒေးဒေသ၊ ကြာခိုရှိ စစ်တပ်ကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး‌ သေ၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်က ပြောဆို ထားသည်။

ဓာတ်ပုံ- မြ၀တီမြို့ပြင်ပတွင် လုံခြုံရေးယူထားသော KNU/KNLA တပ်ဖွဲ့များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article