27 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလဝက် အတွင်း စစ်သား ၂၁ ဦး သေ ဆုံး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁

ကရင်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၁ ရက် နေ့မှ ၁၅ ရက်အတွင်း အကြမ်းဖက်စစ် သား ၂၁ ဦးသေဆုံးကာ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော် သတင်းထုတ် ပြန်ချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်အတွင်း၌ KNLA တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်၊ ၎င်း၏ လက်အောက်ခံတပ် BGF ပူးပေါင်းတို့ကြား တိုက်ပွဲပေါင်း ၇၈ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၁ ဦးသေဆုံးကာ ဒုတပ်ရင်းမှူး တစ်ဦး အပါ အဝင် ၁၅ ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီစခန်းအတွင်းရှိ အ ဆောက် အဦ ၇ ဆောင်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း KNL တပ်ဖွဲ့မှ ရဲဘော် ၃ ဦးကျဆုံးကာ ၁၃ ဦး ဒဏ် ရာရရှိခဲ့ကြောင်း၊ နေ့စဉ်နှင့်အမျှ တိုက် ပွဲများဖြစ်နေပြီး အကြမ်းဖက် စစ် ကောင် စီ လေတပ်မှ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့် ၉ ကြိမ် ဗုံးကြဲခဲ့ရာ ဗုံးသီးကြီး ၆၄ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ပြည်သူလူနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများ၊ တိုက် လေယာဉ်များဖြင့် ပစ်ခတ် ဗုံးကြဲခဲ့ရာ အလုံးပေါင်း ၁၃၉ လုံးရှိခဲ့ပြီး အပြစ်မဲ့ ရွာသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိပြီး ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်ကြောက်ရွံ့စွာနေထိုင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ တပ်ဖွဲ့၏ စစ်ရေးပြ အခမ်းအနားတစ်ခု။ (ပုံအဟောင်းတစ်ခုဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article