36 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်း ဆင်းပွဲ ကျင်းပပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေးအပ်

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်း ဆင်းပွဲ ကျင်းပပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေးအပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေး အပ်ခဲ့ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရ ၏ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာ မိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက် ထား နိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူ ဆောင်ရွက်ထားနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက်မှ သေနတ် အလက် ၅၀ ကို ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ် ခဲ့ကြောင်း၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဂုဏ်ပြု ဆုငွေ ၁၀ သိန်းကျပ်ပေးအပ်ကြောင်း သိရှိရသည်။

စစ်သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူ သင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဥ္စာမောင်တို့တက်ရောက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article