32 C
Yangon

KNU တပ်မဟာ ၆ နယ်​မြေတွင် တစ်ပတ်တာ တိုက် ပွဲ အတွင်း စစ်သား ၅၆ ဦးသေဆုံး

Must read

KNU တပ်မဟာ ၆ နယ်​မြေတွင် တစ်ပတ်တာ တိုက် ပွဲ အတွင်း စစ်သား ၅၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာခရိုင်၊ တပ်မဟာ ၆ နယ်မြေတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အ ထိတစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၆ ဦးသေဆုံးကာ ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာခရိုင်က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၄ ရက် ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသစ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဆိုင်ကယ်တစ်စီး၊ ထော်လာဂျီတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ည ၈ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိုးစီမှု စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပဲဒလဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ စေဖားဘရော်တွင် ဦးခေါင်းထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း အကြ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရွာသစ်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဝက်တစ်ကောင်သေဆုံးခဲ့ကြောင်း၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း ပစ်ခတ်မှုတွင် သံဃာတော် တစ်ပါး ပျံလွန်တော်မူပြီး ၃ ပါးဒဏ်ရာရရှိကာ ကျောင်းနေ ပြည်သူ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာခရိုင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၇ ၊ ၂၈ ရက်နေ့တို့ တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ကောနွဲ့ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ များ အတွင်း ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ရာ ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article