35 C
Yangon

KNU နယ်မြေ၊ မဲဝိုင်ကျေးရွာအုပ်စုနှင့် ကျုံဒိုးမြို့နယ် ကို စစ်တပ် က လေ ကြောင်း ဖြင့် ဗုံးကျဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နေအိမ် ၁၉ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်ဒိုးမြို့နယ်၊ မဲဝိုင်ကျေးရွာ အုပ် ကျေးရွာအုပ်စု၊ ဝါသိုးလော်ကျေးရွာအတွင်း အကြမ်း ဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNU တပ်မ ဟာ ၅ က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဝါသိုးလော်ကျေးရွာအတွင်း ကျ ရောက် ခဲ့ပြီး လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည့် အပြင် လူနေအိမ် ၁၀ လုံး၊ စပါးကျည် တစ်လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်က မဲဝိုင်ကျေးရွာ အုပ် စု၊ ခလိုမီးကျေးရွာအတွင်း တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကျဲခဲ့ရာ လူနေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး နောက်ထပ် လူနေအိမ် ၄ လုံးနှင့် စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့ကြောင်း ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ မဲဝိုင်ဒေသတွင် (၂) ရက် ဆက်တိုက် တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံ ရွာသား များမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ် က မူတော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ခေါဝါးရွာရှိ လယ်ယာ လုပ်ငန်းခွင်အတွင်း တိုက်လေယာဉ် ဖြင့် ဗုံး ၂ လုံးကြဲချပြီး နေ့လည် ၁၀ နာရီ ၄၁ မိနစ်ကလည်း ဗုံး ၂ လုံးထပ်မံကျဲချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်ပိုင် မဲ၀ိုင်စခန်းကို KNU နှင့် PDF တပ်ဖွဲ့များ နေ့စဉ်တိုက်ခိုက်လျက်ရှိ ကြောင်း ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၈ ရက် မွန်းတည့် ၁၂ က အကြမ်းဖက်စစ်ကောင်စီ (ခလရ-၉၇) တပ်ရင်းကကေအဲန်ယူ- ဒူးပလာယာခရိုင် ၊ ကျုံဒိုးမြို့နယ်၊ဖားကျကျေးရွာ အတွင်းသို့ ၁၀၅ မမ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာလူနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article