28 C
Yangon

PDF ၏ လက်နက်များ သိမ်းဆည်းရမိဟု စစ်ကောင်စီ၏ သတင်းထုတ် ပြန်ချက် လိမ်လည် ထားဟု TNLA ကြေညာ၊ ကျူးကျော်ဖျက်ဆီးလာသော စစ် ကောင်စီကို တအာင်းပြည်သူများ ညီညွတ်စွာ ခုခံတော်လှန်ရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်၊ တအောင်းဒေသ နမ့်ဆန်မြို့နယ်ကို အကြမ်း ဖက် စစ်ကောင်စီ က ထိုးစစ်ဆင်တိုက်ခိုက် ကျူးကျော် ဖျက်ဆီးရန် ကြိုးပမ်းနေပြီး NUG-PDF များ၏ လက်နက်ခဲယမ်း များ စစ်တပ်က သိမ်းဆည်းရရှိသည်ဟု သတင်း ထုတ် ပြန်မှုမှာ လည်း မှန်ကန်မှု မရှိကြောင်း TNLA က ကြေညာသည်။

စစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့် စကခ ၂၁ တပ်ဖွဲ့ဝင်များ ချထားပေးပြီး ဒီဇင် ဘာ လ ၇ ရက် နေ့တွင် တအောင်းတပ်မတော် TNLA ၏ တပ်စခန်းများသို့ ကျူးကျော် ဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်က တိုက်ပွဲ ၇ ရက်အတွင်း MI 17 ၊ MI 35 ရဟတ်ယာဉ်ဖြင့် ၂၈ ကြိမ်၊ တိုက် ခိုက်ရေးဂျက်လေယာဉ်ဖြင့် ၃၂ ကြိမ်၊ မန်တုံမြို့မှ ၁၂၀ မမ လက် နက် ကြီး ပစ်ကူ ၉ ကြိမ်၊ နမ့်ဆန်မြို့မှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ၂၉ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ပေါင် ၅၀၀ ဗုံးကြီး ၁၂ လုံးကိုလည်း ရေပုံးရွာ၊ ကုန်းသာ တောင်ကြော တလျှောက်ကို ဆက်တိုက်ကြဲချခဲ့ကြောင်း၊ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံး ကျေးရွာများမှ နေအိမ်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ လုပ်ငန်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ကုန်းသာ ရွာသားနှစ်ဦးသေဆုံးခဲ့ကာ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ ကြောင်း၊ TNLA ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အများအပြား သေဆုံးခဲ့ သည့် အပြင် အသက်ရှင်ဖမ်းဆီးထားသူများ ရှိကြောင်း၊ ငါးကြင်းမီး စက်သေနတ် ၁ လက်၊ စက်သေနတ်ကြီး ၁ လက်၊ စက်သေနတ်သေး ၁ လက်၊ ဘက်ခေါက် ၂ လက်၊ ၂၂ လက်ထောက်တွဲ ၁ လက်၊ PRG 72 ၁ လက်၊ ဗုံးသီး ၁၉ လုံး၊ M9 ဗုံးသီး ၉ လုံး၊ မိုင်းများ၊ ကျည် ၁၂၀၀ ကျော်၊ ဆက်သွယ်ရေးစက် ၁ လုံး ၊ ဖုန်း ၂ လုံးနှင့် အခြား အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် TNLA ဘက်မှ အရာရှိအချို့နှင့်တပ်ဖွဲ့များ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ် ကောင် စီ၏ MRTV တွင် သတင်း ထုတ်ပြန်သကဲ့သို့ တအောင်းတပ်မတော် လက် နက်များသော်လည်းကောင်း၊ NUG –PDF ၏ လက်နက် ပစ္စည်းများ သိမ်း ဆည်းခံရခြင်းမရှိ၊ ဆုံးရှုံးပျက်စီးခြင်းမရှိပါကြောင်း TNLA ထုတ်ပြန် ချက်တွင်ဖော်ပြ ထား သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် အစရှိ သည့် မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ဒေသခံ မိဘပြည်သူများအား လေကြောင်းစစ်ဆင်ရေး ၊ အင် အား အလွန်အကျွံ အသုံးပြု ပြီး အလုံးစုံပျက်သုန်းရေး လုပ်ဆောင်နေသည့် မြန်မာစစ် ကောင်စီ သည် တအောင်းဒေသကိုလည်း ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေ သဖြင့် တအောင်းမိဘပြည် သူများ၊ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်း လုံး ညီညွတ်စွာ ခုခံတော်လှန်ကြရန် TNLA က တိုက်တွန်းထားသည်။

ဓာတ်ပုံ- နမ့်ဆန်တိုက်ပွဲတွင် သေဆုံးသွားကြသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ၏ မသာအလောင်းများ၊ လက်နက်များကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article