25 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

အမေရိကန် ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံခြား ရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့) တွင် အမျိုးသား ညီညွတ် ရေး အစိုးရ NUG နိုင်ငံ ခြား...

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ် ကောင်စီတပ်မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံးကြောင်း Indaw Revolution-IRနှင့် KIA သတင်း ရင်း မြစ်ထံမှ သိရှိရသည်။ နိုဝင်ဘာ ၁၈ ရက်နေ့...

တောင်ငူတွင် စစ်တပ်ပိုင် ထုတ်ကုန်များ မရောင်းရ မဝယ်ရ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ တောင်ငူက စစ်တပ်ပိုင် ထုတ်ကုန်များ မရောင်းရ မဝယ်ရ လှုပ်ရှားမှုကို TaungooYouthအဖွဲ့မှ လုံခြုံရေးတင်းကျပ်ထား၍ ကုန်စုံဆိုင်နှင့် အရက်ဘီယာအရောင်းဆိုင်အချို့ကို လက်ကမ်း၏စာစောင်များ ဖြန့်ဝေ လှုပ်ရှားမှုကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လောင်းလုံးတွင် ကျောင်းသား၊ လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ လောင်းလုံးမြို့၊ လောင်းလုံး အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်း၌ "မတရားမှုကို ဆန့်ကျင်မယ်၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် ခဲ့ကြောင်း သိရသည်။

မန္တလေးတွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉ မန္တလေးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းမြင့်အေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်သွားပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ စစ်တပ် သတင်းပေးဟု...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်း ရုပ်သံ သတင်း အစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်း ရုပ်သံ သတင်း အစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်း တွေကတော့- -အကြမ်းဖက် စစ်ကောင်စီရဲ့ ချောင်းဦး ရဲစခန်းက...

သရက်ချောင်းမြို့နယ်တွင် လေတပ် အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး နှင့် နောက်လိုက် ၂ ဦး သေဆုံးမှု မရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီ လေ တပ် ၏ အမောင်းသင်လေယာဉ်တစ်စီး ပျက်ကျသွားပြီး လေယာဉ်မှူး နှင့် နောက် လိုက် ၂ ဦး သေဆုံးမှု မရှိကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်း...

ယင်းမာပင် ဆားလင်းကြီး ကျေးရွာပေါင်းစုံ ၆၁၈ ‌ရက်မြောက်နေ့အဖြစ် စုပေါင်းသပိတ်ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ယင်းမာပင် ဆားလင်းကြီးရှိ ကျေးရွာအချို့ရှိ ပြည်သူများ စုပေါင်း၍ "စစ်တပ်စီးပွားရေးထောက်တိုင်မှန်သမျှ လူထုအားနဲ့ ဖြိုဖြတ်ကြ" စာတန်းကိုင်စွဲကာ နွေဦးတော်လှန်ရေးအမြန်အောင်ပွဲရရှိဖို့ စစ်တပ်ထောက်တိုင်တခုဖြစ်တဲ့ တပ်ပိုင်စီးပွားရေးများကို ဝိုင်းဝန်းဖြတ်တောက်ကြဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ကြပါတယ်။

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦး တော်လှန် ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍ နယ် မြေ မငြိမ်မသက် ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁၉)ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင် ရေး သပိတ်ကို ပြုလုပ်ကြသည်။ အလံမလိပ် မသံမတိတ် စခကျွန်မခံ ကနီသပိတ်...

ဖားကန့် Sky KTV တွင် သောက်စားပျော်ပါးနေသည့် ဗိုလ်ကြီးဇော်ဝေစိုးနှင့်စစ်သား ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ၃ ဦးပြင်းထန်ဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ၊ Sky KTV တွင် ဗိုလ်ကြီးဇော်ဝေစိုးနှင့် စစ်သား ၇ ဦး သောက်စား ပျော်ပါးနေစဉ် ပစ်ခတ်ခံရသဖြင့် ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ နိုဝင်ဘာလ...

Latest news

- Advertisement -spot_img