23 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

မန္တလေးတွင် စစ်တပ်က ကျူးကျော်ဟု အမည်တပ်၍ ပြည်သူပိုင်နေအိမ်များကို စိတ်ထင်သလို ဖျက် ဆီးနေ၊ ယမန်နေ့ စစ်တပ်က သေနတ်မိုးပေါ်ထောင်ဖောက်၍ ၄၉ လမ်းပေါ်ရှိ ရပ်ကွက်နှင့်နေအိမ်များကို ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၁၆ မန္တလေးမြို့တွင် စစ်တပ်က နှစ်ပေါင်းများစွာ ပြည်သူများနေထိုင်ခဲ့ကြသည့် ရပ်ကွက်များ၊ အိမ်ရာများကို ကျူးကျော်ဟု အမည်တပ်၍ စိတ်ထင်သလို ဖျက်ဆီးနေမှုများ များပြားနေကြောင်း မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်နှင့်ဝန်ကြီးဌာနများက ၎င်းတို့၏ မြေများဖြစ်သည်ဟုဆိုကာ ရပ်ကွက်နှင့်အိမ်ရာများကို ဖျက်ဆီးနေသကဲ့သို့ ပျူစောထီးနှင့်အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများနေထိုင်သည့် ရပ်ကွက်နှင့်နေအိမ်များကို ကျူးကျော်ဟုဆိုကာ...

ပြင်ဦးလွင်၊ ဘူတာလမ်း၊ စစ်ဗိုလ်ချုပ်များ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို နိုဝင်ဘာ လ ကုန် အပြီး ဖယ်ခိုင်း၊ NLD အစိုးရက စည်ပင်ခွင့်ပြုချက် အုံနာဘုတ်များထုတ်ပေးခဲ့သော်လည်း စစ်တပ်က ဖယ်ခိုင်းဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်များ နေထိုင်ရာ ဗိုလ်ချုပ်ရွာ ခေါ် ဗိုလ်ချုပ်များ၏ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို ယခု နိုဝင်ဘာလ အကုန်အပြီး ဖယ်ရှားရန် စစ်တပ်က အမိန့်ထုတ်လာကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပြင်ဦးလွင်တွင် စည်ပင်သာယာရေးကော်မတီက...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၄ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅ မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၁၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့်...

တမူးတွင် PDF မဟာမိတ် တပ်စခန်း ၆ ခု စီးနင်းခံရပြီး တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြောင်နှင့် မြင်းခြံတွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ PDF မဟာမိတ် တပ်စခန်း ၆ ခုကို အကြမ်းဖက် စစ်တပ်က စီးနင်းခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ...

လောင်းလုံးဒေသခံ ပြည်သူများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅ လောင်းလုံးမြို့နယ်တွင် တော်လှန် လူငယ်များနှင့်ပြည်သူလူထုများ ပူးပေါင်းကာ ''အမှောင်ခေတ်ကနေရုန်းထွက်ညီညွတ်အားနဲ့ချီတက်'' စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုပ္ပလင်ဂိတ်၊ ဆားလင်းကြီး၊ အရာတော် ၊ ဝန်းသို၊ ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

By ရန်ကုန်ခေတ်သစ် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဂိတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ အရာတော်၊ ဝန်းသိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ် ရေး တပ်များက လုပ်ဆောင်ခဲ့ကြပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။ မုပ္ပလင်လမ်းဆုံဂိတ် ၄၀ မမဖြင့် ပစ်ခတ်ခံရမှု စစ်သား...

ကလေးမြို့နယ်တွင် စစ်ကျွန် ပညာရေး ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ကလေးမြို့နယ် ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကျွန် ပညာရေး ဆန့်ကျင်ရေး ပညာရေး တိုက်ပွဲများ ဆက်လက် အားကောင်းလာစေရန် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု ယနေ့ ညပိုင်းထိ မီး မငြိမ်းနိုင်သေး၊ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု ယနေ့ ညပိုင်းထိ မီးမငြိမ်းနိုင်သေးကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက်...

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု အပျက်အစီးကြီးမားပုံရှိဟု ဒေသခံများပြော၊ အဝင်အထွက်ပိတ်ဆို့ပြီး ယနေ့ လေယာဉ် အတက်အဆင်း မလုပ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၅ မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KNLA ၊ PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် လေတပ်အတွင်း အပျက်အစီး ကြီးမားပုံရှိကြောင်း မကွေးမြိုု့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်...

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ချင်းတွင်းမြစ် အနောက်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img