26 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ယင်းမာပင်တွင် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မုံရွာတွင် အနောက်မြောက်လွင်ပြင် လက်ပံတောင်းတောင်ဒေသလူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် "တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ" ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ...

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၄ ရက်နေ့အတွက် ရုပ်သံသတင်းအစီအစဉ် စမ်းသပ် ထုတ်လွှင့်

By ရန်ကုန်ခေတ်သစ် ယခု ဖေဖော်ဝါရီလမှစတင်၍ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်များကို စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ပြီး များမကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မည်ဖြစ်ပါသည်။ယနေ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးရသတင်းများကို ကြေညာတင် ဆက်လိုက်ပါသည်။ https://youtu.be/Hpq4FFIMlA0

တောင်ကိုရီးယားတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ တောင်ကိုရီးယားနိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံကို အကြမ်းဖက် ဖက်ဆစ် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း၊ ဆန့်ကျင်ကြောင်း ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မုံရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မုံရွာလူငယ်များ စည်းရုံး၊ မုံရွာမြို့အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် ရပ်ကွပ် သပိတ်စစ်ကြောင်းက တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွာငံတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာတင်လာသော ကား မီးရှို့ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြင်းကျ ဒိုး ကျေး ရွာအုပ်စု ညောင်ပင်ခွရွာမြောက်ဘက် လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ ဖေ ဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် မြန်မာဘီယာများ တင်ဆောင် လာ သော ကားတစ်စီး...

တန့်ဆည်ရှိ ကျေးရွာ၃ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ စစ်ကိုင်းတိုင်း ဆန့်ဆည်မြို့နယ်အတွင်းရှိ သပြေရင်း၊ လက်ဆည်နှင့် ရေရှင်ကုန်းရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံမှ သိရသည်။ အဆိုပါ...

ရွှေဘို၊ သီးလုံးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF က ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်များကို People Defense Force-Shwebo, C&T (Shwebo), SNAKE EYES- PDF, Fighter One နှင့် နယ်မြေခံ...

ပြည်သူကို ဗုံးကျဲတိုက်ခိုက်နေသော စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းနေသည့် ကုမ္ပဏီ ၃ ခုကို NUG က အမည်ပျက်စာရင်းသွင်း၊ ယင်းကုမ္ပဏီများနှင့် ဆက်ဆံခြင်းမပြုရန် ထုတ်ပြန်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ မြန်မာနိုင်ငံတဝန်း ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအပေါ် လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်သွင်းပေးနေသည့် ကုမ္ပဏီ ၃ ခု၏ အမည်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်လိုက်ပြီး အဆိုပါ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ ၎င်းတို့၏ ထုတ်ကုန်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် သတိပေးထားသည်။Yangon...

ချောင်းဦးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျူစောထီးအဖွဲ့ဝင် ၃ဦး သတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ယာကြီးတော ကျေးရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၃ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၂ရက်နေ့တို့တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ အဆိုပါ...

Latest news

- Advertisement -spot_img