26 C
Yangon

ကုလသမဂ္ဂက R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို

Must read

ကုလသမဂ္ဂက R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကမ္ဘာ့ ကုလသမဂ္ဂအနေဖြင့် R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန် မာ စစ်တပ်ကို ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန် မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို လိုက်သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ကျင်းပ သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူး လွန် သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေး လုပ်ဆောင်ချက်များ” အထူးအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထိုသို့ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ် သင်ရှင်း လင်းမှုနှင့် လူသား မျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူး လွန်ခြင်းမှ တားမြစ်နိုင်ရန် လူမှုရေးနှင့် စီးပွားရေး အရေးယူဆောင်ရွက် ချက်များ ချမှတ်ရန် အရေးကြီးကြောင်း၊ အလားတူပင် ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေး ကိစ္ စနှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရ သည့် ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂက အသံတစ်သံ တည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ် ဆုံး အချိန်ပင်ဖြစ်သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်တပ်က တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာ များ အပါအဝင် မြန်မာပြည်သူပြည်သားများအပေါ်တွင် ရက်စက် ကြမ်းကြုတ် မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့ သည့် ရက်စက်ကြမ်း ကြုတ်မှုမှာ ၎င်းတို့၏ လုပ်ရပ်မြောက်များစွာအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့ခဲ့ရကြောင်း၊ ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့် ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာ သိမ်းမှု ကိုပင် ကျူးလွန်ခဲ့ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကြာမြင့် သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်း တရား ဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ ပြည်သူ များနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှု အား လုံး ကို ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်အနေ ဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး နွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန် လျက်ရှိကြောင်း၊ သို့ရာတွင် စစ်တပ်မှ တရားမဝင်အာဏာဆက်လက်ရယူလို သည့် တစ်ခုတည်းသော ဆန္ဒကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ မလုံခြုံ မှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများ၏ ဦးတည်ရာနေရာဖြစ်လာခြင်းစသော လူသား ချင်း ဆိုင်ရာ အကျပ်အတည်းများကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံ တွေ့လျက်ရှိကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်သူတစ်ရပ်လုံးအား လူမျိုးတုံး သတ် ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းခြင်းနှင့် လူသား မျိုး နွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များမှ အကာအကွယ်ပေးရမည့် တာဝန်ရှိသည်ကို ထပ် လောင်းအတည်ပြုကြောင်း၊ မြန်မာစစ်တပ်နှင့် ယင်း အဖွဲ့ အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့် အရေး နှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန် များစွာ ပြသနေခဲ့ကြကြောင်း ၊ အခြားတစ်ဖက်တွင်လည်း မြန်မာပြည်သူ ပြည်သားများမှ ကုလသမဂ္ဂအား မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြု၍ ကူညီပေးရေးနှင့် No-Fly Zone သတ်မှတ်ပေးရေး ကနဦးတောင်းဆိုမှုများမှာ ရလဒ်ဖြစ်ထွန်းခဲ့ခြင်း မရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့်လည်း နိုင်ငံတကာအသိုက် အဝန်း အနေဖြင့် မြန်မာပြည်သူ များအပေါ်တွင် ပျက်ကွက်ခဲ့သည်ဟု မှန်မှန်ကန်ကန် ထောက်ပြ ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် ထိရောက်မှုရှိ သော အရေးယူမှုများကို အချိန်နှင့်တပြေးညီ ချမှတ်ပေး ခြင်းဖြင့် အတွင်းရေး မှူးချုပ် အနေဖြင့် ဤနှစ်အတွင်း၌ အလားတူထပ်မံပြောကြားရန် လိုအပ်မည် မဟုတ်ဟု မျှော်လင့်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကုလသမဂ္ဂ၏ အထူး အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား လူမျိုးတုံးသတ်ဖြတ်ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ (Pre-recorded Video) နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင် ဥက္ကဋ္ဌ ၊ Global Centre for Responsibility to Protect ၏ အလုပ် အမှု ဆောင်ညွှန်ကြားရေးမှူး၊ World Academy of Art and Science ၏ ဥက္ကဋ္ဌ နှင့် Auschwitz Institute for the Prevention of Genocide and Mass Atrocities ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံရေးရာနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရေး ရာဌာန (Department of Political and Peacebuilding Affairs – DPPA) တို့မှ လက်ထောက်အတွင်းရေးမှူးချုပ်တို့က ပါဝင် တက်ရောက် ဆွေးနွေးကြ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article