31 C
Yangon

ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့် သေဆုံ

Must read

ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ခင်ဦး KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အင်းပတ်ကွေ့ဈေးတန်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချစခန်းနှင့် ရွာသစ်ကုန်း ပျူစောထီး များကို လက်လုပ် ၂ ဆင့်ကွဲ ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများသည် ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် ဘက်သို့ အကူးအသန်းပြုလုပ်ပြီး တပ်ကူလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

” ညနေ ၄ နာရီခွဲမှာ ရေဦးမြို့ ဆေးရုံကို အလောင်း ၅ လောင်း မူးမြစ် အရှေ့ဘက်က သယ်လာတယ်လို့ သိရပါတယ်” ဟု KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို KhinU Special force Organization KSO တပ်ဖွဲ့၊ KDK၊ Local Brothers၊ Wolf Guerrilla (Ye-U)၊FAF၊ PDA နှင့် တပ်ရင်း၂၀ခွဲ-၃တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း Khin U Local Guerilla Force(KUGF) ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို Khin U Local Guerilla Force (KUGF)၊ ရွှေဘိုခရိုင် တပ်ရင်း ၉ ၊ တပ်ရင်း ၂၁ ၊ Red Dragon Defence of Force ၊ ၅/ မဟူရာကျွဲရိုင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၀ ဦးခန်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article